Part-28(Z+U)

557 51 17
                                    

Gulfတစ်ယောက် ဘွဲ့ရပြီးတော့ သူ့အဖေရဲ့ companyမှာပဲ အလုပ်ဝင်ဖြစ်သည်....

အဖေကတော့ အစကတည်းက ရာထူးကြီးကြီးယူစေချင်ပေမဲ့ သူကအောက်ခြေကပဲ စလုပ်ချင်တာမို့ ငြင်းလိုက်သည်.....

အခုသူအလုပ်ဝင်ရမယ့်နေရာက internဆင်းခဲ့သော ဌာနမဟုတ်ဘဲတခြားဌာနဖြစ်၏....

Mildတို့Boatတို့ကလည်း သူတို့အဖေတွေဆီမှာသာ လုပ်ကြ၍ သူအဖော်မဲ့နေသည် Nanကလည်း နိုင်ငံခြားမှာ Masterထပ်သွားတက်ချင်သေးသည်ဆိုကာ အလုပ်မ၀င်ပေ....

သူဌာနအသစ်ကိုရောက်တော့ တွေ့လိုက်ရသူကြောင့် သူအံ့သြသွား၏....
"Phi San...."

"ဟာ Nongပါလား အန်ကယ်ကလည်း Nong
ဒီဌာနကိုလာမယ်လို့ ကြိုပြောထားတယ်...."

"နေပါဉီး ဘာလို့Phi Sanကဒီမှာလုပ်နေတာလဲ...."

"Nongကလည်း ကိုယ်လဲမနှစ်ကမှ ကျောင်းပြီးထားတဲ့ အင်ဂျင်နီယာတစ်ယောက်ပါကွ အလုပ်မလုပ်ရတော့ဘူးလား..."

"အဲလိုမဟုတ်ပါဘူး ဒါနဲ့ဒီမှာလုပ်တာကြာကြီလား...."

"ကြာပြီလေ ကိုယ့်အဖေကNongအဖေနဲ့  ရင်းနှီးတယ်လေ ဒါ့ကြောင့်အဖေ ညွှန်းတဲ့စီလာလိုက်တာ ညနေပိုင်းတော့Barဖွင့်ထားတဲ့ဆီ ကြီးကြပ်ရသေးတာပေါ့ ဘယ်လိုလဲကိုယ့်မှာအလုပ်၂ခုနဲ့ဆိုတော့ အထင်ကြီးသွားပြီလား...."
သူ့ကိုယ်သူ အလုပ်ကြိုးစားသူ မျက်နှာဘေးနဲ့မို့ Gulfအမြင်ကပ်လာသည်....

"တော်စမ်းပါ ဘာလို့အထင်ကြီးရမှာလဲ...."

"နည်းနည်းလောက်တော့ အထင်ကြီးလေကွာ Nongက ရက်စက်လိုက်တာ...."
Phi Sanကြီး dramaချိုးကာ ၀မ်းနည်းပြနေ၏...

ထိုစဉ်...
"Sanရေ ဘာတွေစကားများနေတာလဲ နင့်အသံကြီးပဲ ခိုင်းထားတဲ့projectပြီးပြီလား...."

"ပြီးတော့မယ်...ဌာနမှူး ဒီမှာဝန်ထမ်းအသစ်ရောက်နေလို့ ကြိုဆိုနေတာ"

"အမြဲပဲ အသစ်ရောက်တိုင်း နင့်ကိုအရင်မိတ်ဆက်နေရတာနဲ့ ကြာနေရော နောက်တခါ ငါ့ဆီအရင်လွှတ်နော်
ငါဌာနမှူးပါဟဲ့....အသစ်ကလေး ရုံးခန်းအထဲဝင်လာခဲ့"

ဌာနမှူးဆိုသော အမျိုးသမီးကြီးကဆူတော့ Phi Sanမှာ စပ်ဖြဲဖြဲနှင့်မကြောက်ပေ ဌာနမှူးသူ့ရုံးခန်းထဲဝင်သွားမှ...
"အဲဒါ ကိုယ်တို့ဌာနရဲ့ သက်တမ်းအရင့်ဆုံးအပျိုကြီးလေ အားနေပါးစိပါးစပ်များနေတာမြန်မြန်ဝင်သွားလိုက်အုန်း Nongရေ မဟုတ်ရင်ပွားခံနေရမယ်"

🧡If You Love Someone🧡(Completed)Where stories live. Discover now