ဘန်ကောက်မြို့၏ လမ်းမပေါ်၍ လမ်းသရဲလေးမျာဖြင့် အုံးအုံးကြွကြွ စည်းကားလို့နေလေသည်....
အချိန်အားဖြင့် သန်းခေါင်ယံအချိန်မတော်တွင် ဖြစ်၍
ကားသွားလာမှုကင်းမဲ့နေကာ ကားမောင်းပြိုင်ရန် အသင့်တော်ဆုံးအချိန်လဲ ဖြစ်တယ်...."Gulf Kanawut....Gulf Kanawut"ဆိုတဲ့
အားပေးသံများကလည်း လူအုပ်အတွင်းမှ ထွက်ပေါ်လို့နေလေတယ်....ဒီတစ်ခေါက်ပွဲ၌ ပြိုင်မယ့်သူတွေကလည်း ဒိတ်ဒိတ်ကြဲတွေပင်....
Perfect Groupရဲ့ သားဖြစ်သူ ငဆိုးလေးGulf
နှင့် ဝန်ကြီးသားSanဆိုသူ တို့ဖြစ်ကြလေတယ်...ပြိုင်ပွဲလမ်းကြောင်းပေါ်တွင် ကားနှစ်စီးမှာ ဘေးချင်းယှဉ်ရပ်ထားပြီးလေပြီ...
ကားပေါ်တွင် Gulfတစ်ယောက်မှာလဲမျက်နှာကြော
ခပ်တင်းတင်းဖြင့် ဆေးလိပ်ကိုဖွာကာ ပြိုင်ပွဲစတင်ရန်
အချက်ပေးမှုကို စောင့်ဆိုင်းနေလေတယ်....တစ်ဖက်ကားပေါ်မှ Sanမှာတော့ Gulfအား
မျက်တောင်မခက်နိုင်ပဲ ငေးကြည့်နေမိလေတယ်...သူဒီကောင်လေးကို ပထမဆုံးမြင်ဖူးချင်း ဖြစ်လေတယ် နာမည်ကိုတော့ကြားဖူးတာ အတော် ကြာခဲ့လေပြီ Play boyလို့နာမည်ကြီးနေသော ကောင်လေးမှာ မိန်းကလေးအပေါ်တွင်သာ ဆွဲဆောင်မှုအားကောင်းတယ်လို့ ထင်ခဲ့မိတာ သူ့အမှားပေအခုလိုမျက်ဝါးထင်ထင်မြင်
လိုက်မှပဲ သူ့ကိုပါဆွဲဆောင်နိုင်မှန်းသိလိုက်ရလေတယ်....Gulfတစ်ယောက်လဲ တစ်ဖက်ပြိုင်ဘက်ကားကို ဆေးလိပ်ဖွာရင်း အမှတ်မထင်ကြည့်မိလိုက်လေရာ သူ့ကိုစားမတပ်ဝါးမတပ်ကြည့်နေသော လူကိုမြင်လေတယ်....
Gulfမဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း ဆေးလိပ်ကိုရှိုက် လိုက်ပြန်တယ်...သူဒီလိုကြုံရသည်မှာ မထူးဆန်းတော့ပေ သူ့ဆွဲဆောင်မှုအားကောင်းပုံကို သူအသိဆုံးဖြစ်လေတယ် သူ့ကိုတွဲချင်နေကြသော လူတွေမှာအများသား မိန်းကလေး၊ယောက်ျာလေးပါမကျန် ပုံအောလို့နေလေတယ် ဒါပေမဲ့ ဘယ်သူ့ကိုမှသူစိတ်မ၀င်စားပေ တခါတလေပျင်းတဲ့ အခါမျိုးတွင် ကောက်တွဲဖြစ်လိုက်သော အခါမျိုးတော့ ရှိတတ်လေတယ်....
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanficတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...