လူနာကုတင်ပေါ် တစ်ရက်ကြာအထိသတိမေ့နေသူမှာ ဓားဒဏ်ရာ ရခဲ့တဲ့Mewမဟုတ်ဘဲ Gulfသာဖြစ်၏....
"ကလေးရယ် နိုးလာပါတော့ကွာ....ကလေးဒီလိုပုံစံ
ကိုမြင်ရတာ ကိုကိုနာကျင်လွန်းလို့ပါ"
Mewမှာတော့ ကလေးလက်ကိုဆုပ်ကိုင်ကာ ဘေးကနေတဖွဖွဆုတောင်းနေမိ၏....သူ့မှာ အလစ်သုတ်သမားရဲ့ ဓားကိုရှောင်နိုင်လိုက်တာကြောင့် ရှပ်သာထိလိုက်သည် ဒဏ်ရာက နည်းနည်းချုပ်လိုက်ရုံဖြင့်အဆင်ပြေတယ်ဆိုပေမဲ့ သူဒီလိုမအိပ်ပဲ ကလေးကို ထိုင်စောင့်နေဖို့တော့ ဆရာဝန်တွေက အားမပေးပေ...
ဒါပေမဲ့လည်း သူခေါင်းမာမှုကြောင့် ဆရာဝန်များလက်လျော့ကာ ကလေးအနားနေခွင့်ပေး၏....
အခုတော့ သူလက်မှာအားဆေးသွင်းထားသော ပိုက်ကတန်းလန်းနှင့် ထိုင်စောင့်နေခြင်းသာ သူနာပြုမလေးများကလည်း ခေါင်းတခါခါနှင့်သာ သူတို့ကို လာစစ်ဆေးရင်းပြန်ပြန်ထွက်သွားရသည်.....
ကလေးကတော့ အခုထိသတိမရသေး ဆရာဝန်ပြောတာတော့ ထိတ်လန့်လွန်သွားတာကြောင့်ရော
အရင်ခေါင်းထိဖူးတဲ့ ဒဏ်ရာအရှိန်နဲ့ မေ့နေတာတဲ့ စိတ်ပူစရာမရှိဘူးပြောပေမဲ့ ဆရာဝန်က သူမှမဟုတ်ပဲ
သူ့လောက်တော့ ဘယ်စိတ်ပူပါ့မလဲ....ကိုယ်က ကလေးဓားရှရင်တောင် စိတ်ပူနေရမှာ အခုလိုကြီးသတိမေ့နေမှတော့ သူစိတ်မပူစရာအကြောင်းကို
မရှိပါ ရင်ဘတ်ထဲကနှလုံးသားမှာ ပူလောင်လွန်းလို့ ထုတ်ကြည့်ရင် မီးကျွမ်းထားသော မည်းနက်နေသော နှလုံးသားကို မြင်ရမှာ အသေအချာ....သူဒီလိုသာကလေးကို စိုးရိမ်တကြီးသူငေးကြည့်ရင်းသာ အချိန်တွေကုန်ဆုံးစေမိသည်....
Gulfတစ်ယောက် သူသတိရတချက်မရတချက်ဖြစ်နေသော အနေအထား ဘေးနားက 'ကလေး'လို့ တဖွဖွခေါ်သံတိုးတိုးကို ကြားရသည် သို့သော် သူမျက်လုံးများကို ဖွင့်၍မရ....
သူကြိုစားစွာ အားတင်း၍ မျက်လုံးများကို ဖွင့်ကြည့်လိုက်၏ သူပထမဆုံးတွေ့ရသည်က သူ့ကိုစိုးရိမ်တကြီးအကြည့်များနဲ့ သူ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်သောသူ....
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanfictionတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...