Gulfအခုတလော သတိထားမိသည် ကိုကိုက သူနဲ့သတင်းထွက်ပြီးကတည်းက သူ့ကိုခပ်တန်းတန်းသာဆက်ဆံတော့သည်ဟုထင်မိသည်....
အခုလည်း သူကျောင်းစောဆင်းတာနဲ့ ညစာပြင်ဆင်ရင်း ကိုကိုအလာကိုစောင့်နေလိုက်သည် ဒီနေ့တော့ အဆင်ပြေကောင်းပါရဲ့....
သို့သော်....
ရောက်ရောက်ခြင်းပြောလာသော ကိုကို၏စကား
ကြောင့် သူတုန်လှုပ်သွားရ၏....
"ဘယ်လို....ကိုကိုဘာပြောလိုက်တယ်""ကိုယ်နဲ့faiနဲ့ စေ့စပ်ထားကြောင်း သတင်းစာထဲထည့်လိုက်ပြီ မနက်ဖြန်လောက်ဆိုပါလာတော့မှာ အဲဒါမင်းစိုးရိမ်စရာမလိုတော့ဘူး ကိုယ်တို့ကို အထင်လွဲနေတာတွေ ပြေပျောက်တော့မှာ...."
သူသိပါတယ် ကိုကိုက ဟိုမိန်းမကို တချိန်ချိန်မှာ စေ့စပ်မယ်ဆိုတာကိုပေါ့ ဒါပေမဲ့ဒီလောက်မြန်မယ်လို့တော့မထင်ဘူး သူ့ဉီးနှောဏ်က မှန်းထားပြီးသားကိစ္စပေမဲ့ နှလုံးသားကတော့ လက်ခံမခံနိုင်လွန်းလောက်အောင် နာကျင်ရသည်....
ဒါကြောင့်သူ့ ထိန်းချုပ်ထားသည့်ကြားက....
"ကိုကိုဘာလို့ အဲလိုလုပ်လိုက်တာလဲ ကျွန်တော်တို့ကို အထင်လွဲလဲ ခဏပေါ့ ပြီးရင်အဆင်ပြေသွားမှာလေဗျာ.....ဒီလိုစေ့စပ်ကြောင်းကြေညာရင် ကိုကိုသူ့ကို ယူကိုယူရတော့မှာပေါ့ ကိုကိုသူ့ကိုချစ်လို့လား....""လက်ထပ်တာ အချစ်လိုလို့လား....."
အေးတိအေးစက် ဖြေလာသော ကိုကို...သူကိုကို့ကို နားမလည်တော့ပါ အဲလောက်အချစ်နဲ့
ပတ်လက်လာရင် အေးစက်နေဖို့လိုလို့လား ကိုကိုအပ်ါသူကောင်းခဲ့ပေး ချစ်ပေးခဲ့တာတွေလဲ ကိုကိုမမြင်တာ အပြစ်မဆိုပါ အခုက သူမချစ်သော မိန်းမကို ယူရမှာကိုပင် ကိုကိုကဘယ်လိုမှမနေပေ...."ကိုကို့အတွက် လက်ထပ်တာက အချစ်မပါလဲ ဖြစ်တယ်ပေါ့...."
နှလုံးသားက သွေးယိုစိမ့်မှုဒဏ်ကို အံတုရင်း ဒီစကားသာ ထပ်မေးဖြစ်လိုက်သည်...."အေး...ဟုတ်တယ် အချစ်က
ငါ့အတွက်အရေးမကြီးဘူး"သူအားတင်းကာ အပြုံးတုတစ်ခုဖန်တီးလိုက်ရင်း....
"အင်းပါ...ဒါဆို ကိုကိုဗိုက်ဆာရင် စားနှင့်လိုက်နော်
ထမင်းပွဲကပြင်ထားပြီးပြီ ကျွန်တော်မဆာလို့ မစားတော့ဘူး...."
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanfictionတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...