Part-11(Z+U)

609 57 20
                                    

ဉီးဝီက သူ့ကိုသူ့မိန်းမနဲ့ သူသမီးအစား အားနာစွာတောင်းပန်လေတယ် မေမေဆုံးပြီးကတည်းက ဉီးဝီက မေတ္တာထားပြီးသူ့ကို စောင့်ရှောက်ပေးခဲ့တယ် အမြဲဂရုနာသက်တဲ့မျက်လုံးတွေနဲ့ ကြည့်ပြီးဖေးမပေးခဲ့တယ် ဒါတွေကိုသူမြင်ပါတယ် ကျေးဇူးလည်းတင်နေမိတယ်....

ဒါပေမဲ့ ဒေါ်လေးနဲ့ သူသမီးကိုတော့ မုန်းသည် မျက်နှာမမြင်ချင်လောက်အောင်ကိုပေါ့ သူတို့ဘာလို့ နှိပ်စက်နေကြမှန်းနားမလည်နိုင် ခံပျင်းစိတ်လေး နိုးကြွလာတိုင်း အံကြိတ်ချိုးနှိပ်ထားရတာ အတော်ကြာပြီ ဒီတခါတော့ သူမခံနိုင်တော့ ရင်မဆိုင်နိုင်တော့....

တကယ်ရင်မဆိုင်ချင်တဲ့ နောက်ဆုံးရှောင်ထွက်သွားလိုက်တာ အကောင်းဆုံးပဲလေ ဒါကြောင့် သူဆုံးဖြတ်လိုက်တယ် ဒီအိမ်ကနေ ထွက်သွားဖို့ပေါ့....
"ကျွန်တော် ဒီအိမ်မှာမနေချင်တော့ဘူး...."

Gulfအဲလိုပြောလိုက်တော့ ဉီးဝီစိတ်မကောင်းဖြစ်သွားဟန်....

Gulfနားလည်ပါတယ် ဉီးဝီက သူ့ကိုသားတစ်ယောက်လို ချစ်မှန်း ဒါကြောင့်လဲ သူမနေချင်ဘူးပြောတော့ ဘယ်စိတ်ကောင်းပါ့မယ်....

"ကောင်းပြီ...သားဒီမှာမနေချင်ရင် ဉီးအတင်းမနေခိုင်းပါဘူး ဒါပေမဲ့ဉီးမသိတဲ့ တစ်နေရာရာကိုတော့ထွက်မသွားပါနဲ့ သားအတွက်ဉီးစိတ်ချရတဲ့နေရာ စီစဉ်ပေးပါ့မယ် အဲလိုမှမလုပ်ရင် စိတ်မကောင်းဖြစ်နေမှာမို့ပါ...."

"ဉီးဝီကောင်းသလိုသာစီစဉ်ပါ....."

~~~~~

☁️Heaven Cafe☁️

ဉီးဝီစီစဉ်ပေးမှုအရ Gulf ☁️Heaven☁️ဆိုတဲ့ ကော်ဖီဆိုင်လေးကိုရောက်လာခဲ့လေတယ်....

☁️Heaven☁️ဆိုတဲ့ ကော်ဖီဆိုင်လေးက အရမ်းကြီးလဲမကျယ်ဘဲ သပ်သပ်ရပ်ရပ်လေးနဲ့ အဖြူရောင်ပိတ်စလေးတွေ ဆေးအဖြူရောင်လေးတွေကိုပဲသုံးပြီး ဒီဇိုင်းဆင်ထားတာကြောင့် မြင်သူအဖို့နာမည်နဲ့လိုက်အောင် နိဗ္ဗာန်ဘုံရောက် သွားသလိုပါပဲ....

စားပွဲဝိုင်းကလဲ ၅၀ိုင်း၆၀ိုင်းထက် ပိုအောင်မထား တစ်ဝိုင်းနဲ့တစ်ဝိုင်းကလဲ ခပ်ဝေးဝေးမှာထားထားလေတယ် ဒါကြောင့် လာရောက်သည့် ဧည့်သည်များလဲ လူအရမ်းရှုပ်မနေပဲ လွတ်လပ်မှုကို ခံစားစေတဟ်....

🧡If You Love Someone🧡(Completed)Where stories live. Discover now