'ကိုကို' အခန်းထဲကမောင်းထုတ်တာကြောင့် Gulfတစ်ယောက်ထွက်လာရပေမဲ့ ဘယ်မှသူမသွားနိုင် အခန်းတံခါး
ရှေ့လေးမှာသာ တံခါးကိုမှီရင်း ထိုင်ချလိုက်သည် မတော်လို့ 'ကိုကို'ထွက်သွားရင် ဘယ်လိုလုပ်မလဲ သူသိမှာဖြစ်မည်လေ....အခန်းအတွင်းထဲတော့ ပစ္စည်းတွေပေါက်ခွဲနေသံကြားရတယ် 'ကိုကို'က နူးညံ့တဲ့သူတစ်ယောက်ပါ သူနဲ့အတူတူနေလာခဲ့စဉ်တစ်လျှောက်လုံးတောင် လေသံမာမာပြောတာရှားသည် အခုလိုပေါက်ကွဲနေသည်ဆိုကတည်းက 'ကိုကို'ရဲ့ဒေါသကို သူခန့်မှန်းမိပါတယ်....
သူ'ကိုကို့'ကို သနားပါသည် သို့သော် လက်လွှတ်ပေးဖို့
တော့အစီအစဉ်မရှိပါ သူ'ကိုကို့'ကိုသနားတယ်ပြောတော့ အားလုံးက မင်းကသာပိုသနားဖို့ကောင်းတာမဟုတ်ဘူးလားလို့ ထင်ကြပြောကြမှာပေါ့....တကယ်တော့ 'ကိုကို'ကသာ သနားဖို့ကောင်းတာပါ
'ကိုကို'က သူမချစ်တဲ့သူ မုန်းတဲ့သူနဲ့အတူတူနေရမှာ ဖြစ်တာကြောင့် ပေါက်ကွဲဝမ်းနည်းနေရသူလေ ကျွန်တော်ကတော့ ချစ်ရတဲ့သူကိုပိုင်ဆိုင်လိုက်ရတဲ့ကံကောင်းတဲ့သူပေါ့ တခါတခါ နာကျင်ရပေမဲ့လို့....နာရီဝက်လောက်ကြာတော့ အခန်းထဲကအသံမကြားရတော့ 'ကိုကို'ခင်ဗျာမောသွားရှာလို့ ထင်ပါတယ် သူနားစွင့်နေသလောက် ကိုကိုမအိပ်သေးပေ ဗိုက်ဆာနေလားမသိပေမဲ့ အခုချိန်သွားမေးလဲ 'ကိုကို့'ဒေါသသာ သူရနိုင်သည် သူလည်းဗိုက်ဆာနေပေမဲ့ ကိုကိုတောင်မစား
တာကြောင့် သူဒီနေ့အဖို့ မစားဖို့ဆုံးဖြတ်လိုက်သည်....သူ့မှာလည်း တံခါးလေးကိုမှီရင်းသာ ခြင်ကိုက်ခံပြီးနေရသည် တချက်တချက်အိပ်ငိုက်နေပေမဲ့ တခြားအခန်းမှာသွားမအိပ်နိုင် ည၂နာရီလောက်ကျတော့ သူအရဲစွန့်ပြီး အခန်းထဲကိုဝင်ကြည့်ရသည် 'ကိုကို'အိပ်မောကျနေတာ တွေ့ရမှသူ သက်ပြင်းချနိုင်သည်....
အဲအခါမှ ဆေးသေတ္တာအပြေးသွားယူရပြီး 'ကိုကို'
နံရံကိုထိုးထားကြောင့် သွေးစတွေစွန်းနေသော လက်
ကိုဆေးထည့် ပတ်တီးစည်းပေးရသည်....
"ကိုကိုရယ် နောက်တစ်ခါကိုယ့်ကိုကိုယ် နာကျင်အောင်မလုပ်ပါနဲ့နော် တကယ်လို့ဒေါသဖြစ်လွန်းလို့ ကိုယ်ထိလက်ရောက်လုပ်ချင်ရင်တောင်မှ ကျွန်တော့်ခန္ဓာကိုယ်ကိုပဲလုပ်ပါဗျာ ကိုကိုအနာတရဖြစ်မှာ မလိုလားလို့ပါ...."
ပတ်တီးစည်းထားသော လက်လေးကို တယုတယကိုင်ကာ နမ်းရှိုက်လိုက်ရင်း ဆိုနေမိသည် အိပ်ပျော်နေသော သူကတော့ မသိနိုင်ပါ.....
![](https://img.wattpad.com/cover/248020748-288-k470172.jpg)
YOU ARE READING
🧡If You Love Someone🧡(Completed)
Fanfictionတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...