At Uni,
ကိုကိုသူ့ဆီ စလာသင်ပြီးတဲ့နောက်ပိုင်း Gulfဘ၀လေး စိုစိုပြည်ပြည်ဖြစ်လာတယ် ကျောင်းသွားရာမှာလဲ အရင်လိုပျင်းမနေတော့ပဲ တက်တက်ကြွကြွနဲ့သွားလေ့ ရှိတယ်....
ဒီနေ့လဲ ကျောင်းခန်းထဲမှာ Mildနဲ့Boatတို့အလာ
ကိုစောင့်နေခြင်းပါ....ခဏကြာတော့ သူမျှော်နေတဲ့ နှစ်ယောက်လုံးရောက်
လာကြလေတယ်...."မင်းကိုက နောက်ကျလိုက်တာကွာ....."
"ဒီကောင်Mildပေါ့ အိပ်ရာထနောက်ကျလို့
ငါမှာစောင့်နေရတာ...."
Boatမှာစောင့်ရလို့ မျက်နှာကြီးဆူပုတ်
ပြီးပြောလေတယ်....Mildနဲ့Boatမှာ အိမ်နီးချင်းတွေဖြစ်တာကြောင့်
ကျောင်းအတူလာလေ့ရှိတယ် Gulfနဲ့က ပထမနှစ်ကစတွေ့ရင်း ခင်သွားကြတာ အခုတတိယနှစ်ရောက်ခဲ့ပြီလေ....သူတို့နှစ်ယောက်လုံး Gulfငယ်ငယ်က အကြောင်းများများ စားစားတော့မသိကြပေ အခုသူ့မိသားစု အခြေအနေ လောက်ပဲသိကြလေတယ်....
"ဒါနဲ့ Mild....မင်းကို ကိုကိုအကြောင်း စုံစမ်းခိုင်းထားတာ သိရပြီလား...."
"မင်း'ကိုကို'လို့မခေါ်စမ်းပါနဲ့ကွာ မင်းခေါ်လိုက်ရင် ကြက်သီးထလွန်းလို့....."
"ငါခေါ်ချင်သလိုခေါ်မှာပေါ့ မင်းမှာခေါ်ရမယ့် သူမရှိတိုင်းမနာလိုမဖြစ်နဲ့...."
"ငါကမနာလိုလို့ပြောတာမဟုတ်ဘူး.....ဆရာ့ကို
သနားလို့ မင်းလိုကောင်ကခေါ်တာခံနေရတာ...""ငါမင်းကို ရိုက်မှအသိတရားရမယ်ထင်တယ်...😡"
"သူငယ်ချင်း ငါကစတာလေ....ဟဲဟဲ မင်းသိချင်တာပြောပြမယ် ငါစုံစမ်းထားတယ်"
"ဟေ့ယောင်တွေ မုန့်ပါလား....ငါဗိုက်စာနေပြီ"
Boatတစ်ယောက် အချိန်တိုင်းဗိုက်ဆာနေသူ
ပီပီပြောလေတယ်...."Ai Boat...မင်းဆာရင် ဒီမှာမုန့်....
ပါးစပ်လေးပိတ်ပြီး ငြိမ်ငြိမ်စား...."
Mildလဲ သူပါလာတဲ့ မုန့်ထုတ်ကို Boatဆီပေးလိုက်လေတယ်...."Ai Mildပြောတော့ ငါသိချင်နေပြီ....."
"မင်းတော်တော်ဖြစ်နေ ပြောပြမယ်....ဆရာက အခုအသက်က၃၀၊ ဇာတိကချင်းမိုင်က အရင်လကမှ ဒီကျောင်းကိုပြောင်းလာတာ အရင်ကချင်းမိုင် တက္ကသိုလ်မှာ စာသင်တာ၊ ဒါနဲ့မင်းလဲ အရင်ကချင်းမိုင်နေတာပဲမလား မဟုတ်မှလွဲရော မင်းဆရာ့ကိုမြင်ဖူးတယ်မလား...
အရင်ထဲက စိတ်ဝင်စားနေခဲ့တာမလား"

YOU ARE READING
🧡If You Love Someone🧡(Completed)
Fanficတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...