Gulfတစ်ယောက် ကျောင်းသွားဖို့ပြင်ဆင်ပြီး
မနက်စာစားရန် ထွက်လာသည်အထိ
ကိုကို သူ့အခန်းထဲမှထွက်မလာသေးပေ...."ကိုကိုရေ မနက်စာ တူတူစားရအောင် ထွက်လာတော့လေ ကျောင်းချိန်လဲနီးနေပြီ...."
ကိုကို့ အခန်းရှေ့ကနေ လှမ်းအော်ခေါ် ရင်း ထမင်းစားခန်းသို့ ထွက်လာလိုက်သည်....သူ့အိမ်ရှေ့သို့ထွက်လာတုန်း တံခါဖွင့်ပြီး လူတစ်ယောက်ဝင်လာသံကြား၏ Gulfလဲ passwordကို ဘယ်လိုသိပြီး ၀င်လာတာလဲ မသိတာကြောင့် အိမ်ရှေ့ကို အမြန်ထွက်ကြည့်လိုက်၏....
သူတွေ့လိုက်သည်က ဧည့်ခန်းရှေ့တွင် ခက်ထန်သော မျက်နှာထားဖြင့် ရပ်နေသော အမျိုးသမီးကြီး
တစ်ဉီး....သူ့ပုံကို ကြည့်ရုံဖြင့် ထည်ဝါနေကာ အဖွားအရွယ်မှန်းသိသော်လည်း အရွယ်တင်လွန်းနေသလိုပင်....
"ဟဲ့ ငါကိုဘာရပ်ကြည့်နေတာလဲ...."
လေသံမာမာဖြင့်မေးလာသူ အဖွားကြောင့် သူလဲထို
အဖွားရှေ့သို့လှမ်းလိုက်ပြီး...."ဟို အဖွားကဘယ်သူလဲ မသိဘူး...."
"အဲဒါ ငါကမေးရမှာ နင်ကမှ ဘာကိစ္စငါ့မြေးအခန်းထဲ
ဘယ်လို ရောက်နေတာလဲ...."
သူ့ကို ခက်ထန်သော အကြည့်စူးစူးများဖြင့်ကြည့်ရင်း ပြောလာ၏...."ကျွန်တော်က Gulf Kanawutပါ..."
"ငါမင်းနာမည် မသိချင်ဘူး ငါ့မြေးဘယ်မှာလဲ...."
*ကိုကို့အဖွားက လားကတည်းက ဘီလူးဆိုင်းတီးပြီး လာတာပဲ ငါ့ကိုဘာတွေ မကျေမနပ်ဖြစ်နေလဲ မသိဘူး ခက်တော့တာပဲ ဟူး....*
"အဖွားက ကိုကို့ရဲ့ အဖွားထင်တယ် ခဏကိုကို့ကို သွားခေါ်ပေးမယ်..."
သူ့ကိုကို့အခန်းဆီ သွားခေါ်ရန်ပြန်လှည့်တုန်း ကိုကိုထွက်လာလေသည်....
Mewလဲ Gulfထွက်ခဲ့ဖို့ ခေါ်ကတည်းက ထွက်လာဖို့လုပ်ပေမဲ့ ဖုန်းသရဲလိုလို ဖုန်းကောလ်က ၀င်လာပြန်၏ ဒါနဲ့ဆိုသူကိုင်တိုင်း ဘာမြှပန်မပြောဘဲ ချချသွားတာ ၁၀ခါမကတော့ပေ....
သူထွက်လာတော့ ဧည့်ခန်းထဲမှာ ဖွားကိုတွေ့ရ၍ သူအလန့်တခြား ပြေးသွားကာ....
"ဖွား ဘယ်ကဘယ်လိုရောက်လာတာလဲ...."
YOU ARE READING
🧡If You Love Someone🧡(Completed)
Fiksi Penggemarတစ်သက်လုံး စောင့်ထိန်းလာခဲ့တဲ့ ငါ့သိက္ခာတရားကို ရိုက်ချိုးပြီးမှ ပြန်လိုချင်တာ ငါ့အချစ်တဲ့လား မင်းလိုချင်တာ ဘယ်တော့မှ မရစေရဘူး..... #Mew Suppasit ကျွန်တော် ကိုကို့ကို ချစ်တယ်.... ကိုကို့ ကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ဘယ်နည်းလမ်း မဆို သုံးမှာပဲ...