Zawgyi Version,
တောက်ပသော မနက်ခင်းလင်းရောင်ခြည်ကြောင့် ဂျီမင်းစိတ်ကြည်လင်နေမိသည်။ ငါးနှစ်လုံးလုံး အမေရိကမှာ အချိန်ကုန်ခဲ့လို့လားမသိ အခုတော့ကိုယ့်တိုင်းပြည်မှာ ကျောပြန်ခင်းရတာ သိပ်ကိုကျေနပ်စရာကောင်းလှ၏။ ထိုချိန်....
*မနက်စာ စားလို့ရပါပီ သခင်*
*ကောင်းပီ*
ဂျီမင်းအား အခန်းအပြင်ဘက်မှ မနက်စာစားရန်လာခေါ်သော ဝန်ထမ်းကြောင့် တက်လက်စ အင်္ကျီလက်က ကြယ်သီးကိုတပ်ကာ တစ်ကိုယ်လုံးမြင်ရသည့် မှန်အရှေ့တွင် ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင်း အပြုံးဟုမဆိုထိုက်သော မသေသပ်သည့်အပြုံးကို ဆင်မြန်းပြီးထွက်လာခဲ့သည်။
ထမင်းစားခန်းထဲရောက်တော့ ဂျီမင်းအားစောင့်နေသော လီယိုကြောင့် အနည်းငယ်တောင်အံ့သြမိရဲ့။ သာမာန်ဆိုဒီကလေးက ကိုးနာရီကျော်လောက်မှနိုးတာပင်။
*Good morning လီယို*
*Good morning Appa*
*အင်း.....ညကအိပ်ပျော်ရဲ့လား*
*ဟုတ်*
*အိုခေ ဒါဆိုမနက်စာစားတာပေါ့*
ထို့နောက် ရွှေအစစ်ဖြင့် ထွင်းထုထားသော ကနုတ် ထမင်းစားပွဲအရှည်ကြီးတွင် အမယ်ပေါင်းတစ်ရာလောက်ရှိသော မနက်စာကို ဂျီမင်းနှင့်လီယို နှစ်ယောက်ထဲသာ သုံးဆောင်ခဲ့၏၊ သူဌေးတွေရဲ့ထုံးစံအတိုင်း စားပွဲကျိုးကျမတက် စားတော်ပွဲကြီးပြင်ဆင်ထားပေမဲ့လည်း တို့နန်းဆိတ်နန်းဖြင့်သာ စားကြ၏။ ထိုချိန်....
*Appa*
လီယို၏အသံကြောင့် ဂျီမင်းလည်းကြည့်လိုက်တော့ ကြွေပန်းကန်အဖြူပေါ်တွင် ထွက်လာသော ဆံချည်မျှင်များ။ ထို့ကြောင့် ဂျီမင်းလည်း လက်ထဲရှိခရင်းလေးအား စားပွဲပေါ်သို့ အားပါပါဆောင့်ချမိသည်။
*ဒေါက်*
ထိုအသံကြောင့် ဘေးတွင်ရပ်နေသော အစေခံများအားလုံး ခေါင်းငုံ့ထားရာက မော့ကြည့်လာကြ၏။
*ဒီနေ့ မနက်စာဘယ်သူစီစဉ်တာလဲ*
လေသံအေးအေးလေးဖြင့် ဘေးနားရှိသေသေသပ်သပ်ခေါက်ထားသော ပုဝါအဖြူလေးအားယူကာ နှုတ်ခမ်းတစ်ဝိုက်သုတ်ပီး မေးတော့ ထစ်အထစ်အဖြင့် ဘယ်သူမှမဖြေနိုင်ကြ။
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်