Zawgyi version,
*ဂျီမင်း*
*ဟုတ်ကဲ့*
*ဂျီမင်း လူတစ်ယောက်ကို စိတ်ရင်းအမှန်နဲ့ နက်နက်ရှိုင်းရှိုင်းချစ်ဖူးလား*
အတန်းချိန်ပျက်ပီး ဘတ်စကတ်ဘောကစားခန်းထဲတွင် ထယ်ယောင်းတီးပြသော စန္ဒရား၏တေးသွားများကို နားထောင်ခဲ့ပီး အခုလည်း အခန်းထဲတွင် နှစ်ယောက်သား အတူထိုင်ရင်းမှ ရုတ်တရက်ထယ်ယောင်းမေးလာသောစကားများကြောင့် ဂျီမင်းချက်ခင်ျးပြန်ဖြေရန်အခက်တွေ့နေခဲ့၏။
*ထယ်ယောင်းက ဘာလို့မေးတာလဲ*
ဂျီမင်းဘက်မှပြန်မေးတော့ ထိုလူသားဟာလေးထောင်ဆန်ဆန်နှုတ်ခမ်းလေးအားကွေးညွတ်သည်အထိ ပြုံးလေသည်။
*ကိုယ်သိချင်လို့လေ*
*ကျွန်တော်က တခါမှမချစ်ဖူးသေးလို့ ထယ်ယောင်းမေးတာ မဖြေနိုင်လောက်ဘူးထင်တယ်.......ထယ်ယောင်းရော နက်နက်ရှိုင်းရှိုင်းချစ်ဖူးလား*
*အင်း.....အရင်ကတော့ မချစ်ခဲဖူးပေမဲ့ အခုတော့ နှလုံးသားရဲ့ အောက်ခြေအထိကို ချစ်မိနေတဲ့သူတစ်ယောက်တော့ရှိတယ်*
ဂျီမင်း၏ မျက်ဝန်းလေးအား တစ်ချက်လေးတောင်အလွတ်မခံပဲငေးကြည့်ကာ ဖြေလိုက်သော ထယ်ယောင်းကြောင့် အမြန်ပဲ ဂျီမင်းဘက်မှ မျက်နှာလွှဲလိုက်မိသည်။
*ကိုယ့်ကို ဘာလို့ မျက်နှာလွှဲလိုက်တာလဲ ဂျီမင်း*
*ဟင်...မ..မဟုတ်ပါဘူး ထယ်ယောင်းစိတ်ထင်လို့ပါ*
တဖြေးဖြေးပါးလေးတွေရဲလာကာ အနည်းငယ်စိတ်လှုပ်ရှားနေသော ဂျီမင်းကြောင့် ထယ်ယောင်းလည်း အီစီကလီပိုလုပ်ချင်လာမိ၏....
*ကိုယ်ချစ်နေတဲ့သူက ဘယ်သူလဲဆိုတာ ဂျီမင်းသိချင်လား*
ထယ်ယောင်းမေးသော မေးခွန်းကြောင့် ဂျီမင်း ဝေခွဲမရဖြစ်သွားရသည်။ ထယ်ယောင်းချစ်နေတဲ့သူကို သိချင်သလိုလိုနဲ့ တကယ်တမ်းကြတော့ ဂျီမင်းမသိချင်ပါ။ ထယ်ယောင်း ချစ်နေတဲ့သူကို တကူးတကသိချင်ရလောက်တဲ့အထိ ဂျီမင်းခေါင်းရှုတ်မခံချင်ခဲ့။
*ကျွန်တော် မသိချင်ပါဘူး*
*ကိုယ်ကပြောပြချင်တယ်ဆိုရင်ရော*
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်