Ep-34(Z/U)

2.8K 376 24
                                    

Zawgyi version,

*တီ...တီ...တီ*

ဂျောင်ကု ရေချိုးခန်းထဲဝင်နေစဉ် အသံမြည်လာသော ဖုန်းလေးကြောင့် ဂျီမင်းလည်း ထိုဖုန်းလေးအား ယူကြည့်လိုက်တော့ content nameက သမ္မတကြီးတဲ့.....

သို့သော် ထိုဖုန်းလေးအား ရှိရင်းနေရာလေးမှာပဲ ပြန်ချထားကာ ဂျောင်ကုအတွက် အင်္ကျီတွေထုတ်ပေးနေလိုက်သည်....

ဂျီမင်း တဒင်္ဂမေ့သွားသည်က ဂျောင်ကုဟာ FBI ကဆိုတာပင်.....ဒါပေမဲ့လည်း ဂျောင်ကုကိုယုံချင်တယ်....ယုံကိုယုံမှာ....ဂျောင်ကုကတော့ ဂျီမင်းနောက်ကျောကို ဓားနဲ့ထိုးမှာမဟုတ်.....

ထို့နောက် အတွေးများအားရပ်တန့်ကာ လက်ရှိအလုပ်ကိုသာ အာရုံစိုက်လိုက်သည်.....ဗီဒိုထဲရှိ တီရှပ်များအနက် ဂျောင်ကုနဲ့လိုက်ဖတ်မည့် တီရှပ်ကို ရွေးရတာခက်လှ၏.....

နောက်ဆုံးတော့လည်း ဆင်စွယ်ရောင်တီရှပ်နှင့် အညိုရောင်style pantလေးကိုသာ ရွေးလိုက်ပြီး ဂျောင်ကုရေချိုးခန်းထဲက ထွက်လာတာကိုစောင့်နေလိုက်သည်.....

.....

*မင်*

*အင်း ရေချိုးတာလည်း နာရီဝက်နီးပါးပဲနော် ကိုဂျောင်ကု*

*ဟောဗျာ ရေချိုးတာအဲ့လောက်တောင်ကြာသွားတာလား*

*ဒါပေါ့.....ဒီမှာ မင်းဝတ်ဖို့ငါရွေးပေးထားတယ် အဲ့ဒါဝတ်လိုက်*

*မဟုတ်ဘူးလေမင် ကျွန်တော်က ကိုယ်ရံတော်တွေနဲ့ တန်းတူ ဝတ်သင့်တယ်မလား*

*ဒါပဲဝတ် ပြီးရင်ငါနဲ့သွားစရာရှိတယ်*

*အင်းပါ ကျွန်တော်ဝတ်လိုက်ပါ့မယ်*

*စောနက မင်းရဲ့ဖုန်းလာတယ်*

*ဟုတ်လား*

မင့်စကားကြောင့် ဂျောင်ကုလည်း ချက်ချင်းဖုန်းကိုသွားကြည့်လိုင်တော့ သမ္မတကြီးဆက်တာပင်.....

မင်များမြင်သွားမလားဆိုသည့် စိုးရိမ်စိတ်နဲ့ကြည့်လိုက်တော့ ဂျောင်ကုအားပြန်ပြုံးပြနေလေရဲ့။

*ဂျောင်ကု*

*မင် ကျွန်တော်ဖြေရှင်းပါ့မယ် ကျွန်တော့်ကိုယုံပါနော်*

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now