Zawgyi Version,
*လီယိုရော*
*သခင်လေးက သူ့အခန်းထဲဝင်မလာပါနဲ့လို့မှာထားလို့ပါ*
အိမ်တော်ရောက်ရောက်ချင်း ကိုယ်တော်လေးအားလိုက်ရှာမိတော့ သန့်ရှင်းရေးဝန်ထမ်းမလေး၏စကားကြောင့် ဂျီမင်းလည်း အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။
သူသိတာပေါ့ ဒီကလေး တော့ပိုကီနဲ့ငါးအူချောင်းမစားလိုက်ရလို့ စိတ်ကောက်နေတယ်ဆိုတာ။ အခန်းအရှေ့ရောက်တာနဲ့ တံခါးခေါက်လိုက်တော့ အထဲမှဘာအသံမှမလာခဲ့။
*ဒေါက်...ဒေါက်...ဒေါက်*
*....*
*Appa၀င်လာမယ်နော် လီယို*
*....*
ဂျီမင်းလည်း အခန်းထဲကပြန်ဖြေသံမကြားတော့ တံခါးဖွင့်ကာဝင်သွားလိုက်သည်။ ထိုချိန်ကုတင်ထက်တွင် စောင်အားတစ်ကိုယ်လုံး ခြုံကာလှဲနေသော ကလေးငယ်ကြောင့် တချက်ပြုံးမိ၏။
*လီယို*
*...*
*သားဒီလိုဆက်လုပ်နေရင် Appaစိတ်ဆိုးမိမယ်နော်*
*....*
အရင်ဆို ဂျီမင်းဘက်မှနည်းနည်းလေး စိတ်ဆိုးပြလိုက်တာနဲ့ မနေနိုင်တဲ့ကလေးက အခု သူ့ကိုလုံးဝစကားပြန်မပြောချေ။
ထို့ကြောင့် လီယိုခြုံထားသော စောင်ကိုဆွဲလှန်လိုက်တော့ စောင်အောက်တွင် တစ်ကိုယ်လုံးချွေးများရွှဲနစ်ကာ နှုတ်ခမ်းသားများလည်း သွေးရောင်မရှိတော့ပဲ ဖြူဖတ်နေပီး သတိမေ့နေသော လီယိုကိုမြင်လိုက်ရသောကြောင့် သူလည်းအိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ Kကိုလှမ်းခေါ်လိုက်သည်။
*K လီယိုသတိမေ့နေလို့ ခနလာခဲ့*
ဂျီမင်းခေါ်လိုက်ပီးမကြာပါ ဝန်ထမ်းတွေရော Kပါရောက်လာခဲ့သည်။
*သခင်*
*လီယို ဘာဖြစ်တာလဲမသိဘူး အခုချက်ချင်းဆရာဝန်ခေါ်လိုက်*
*ကောင်းပါပီ*
အနောက်တွင် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြသော အစေခံမလေးတွေကတော့ သတိမေ့နေသော လီယို၏ဆံပင်အား တည်ငြိမ်စွာ သပ်တင်ပေးနေသည့် သခင်ကြောင့် အလွန်ပင်အံသြမိပါရဲ့။ သားတစ်ယောက်လုံး နေမကောင်းဖြစ်နေတာတောင်မျက်နှာတွင် စိုးရိမ်စိတ်အရိပ်ယောင်မရှိခဲ့။သခင်ဟာ အရမ်းကို သွေးအေးလွန်းပါသည်...
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်