Zawgyi Version,
လီယိုကို ဆေးရုံမှာထားခဲ့ပီး ပြန်လာကာ black ကို ရှောင်တခင်ဝင်စစ်ရန်ပြင်ဆင်ခဲ့သည်။
ထို့ကြောင့် ဂျီမင်းနဲ့Kကလွဲ၍ တခြားမည်သူတဦးတယောက်မှ လာခွင့်မရှိသော ဟန်အိမ်တော်၏ တတိယအထပ် တနည်းအားဖြင့် အပေါ်ဆုံးအထပ်သို့ တက်သွားကာ အခန်းပေါင်းများစွာရှိသည့်အနက်မှ ထောင့်စွန်းတွင်ရှိသော ကျွန်းသစ်သား တံခါးကြီးကိုသူ့လက်ဗွေဖြင့်ဖွင့်ကာ ၀င်လာခဲ့သည်။
အခန်းထဲရောက်တော့ မည်သည့်ပရိဘောဂများထားခြင်းမရှိသော အခန်းအလွတ်ကြီးတခုဝယ် နံရံအပြည့်တပ်ထားသော မှန်ချပ်တခုသာရှိခဲ့သည်။
ထို့နောက် လက်တဖက်ကို ဘောင်းဘီအိတ်ထဲထည့်ကာ ထိုမှန်ချပ်ကြီးအရှေ့သို့ တလှမ်းချင်းလျှောက်သွားပီး မှန်ချပ်အရှေ့သို့ရောက်သော် ထိုမှန်ချပ်ကြီးအားလက်ဖြင့်ထိကပ်စေခဲ့၏။
မကြာပါ အရာအားလုံးကိုမြင်ရသော မှန်ချပ်ကြီးနေရာတွင် လျှို့ဝှက်codeများပေါ်လာခဲ့သည်။ Codeနံပါတ်တချို့ကိုရိုက်နှိပ်လိုက်တော့ တဖြည်းဖြည်း ဘေးတဖက်တချက်စီသို့ ကွဲထွက်သွားရာ အခန်းတခုပေါ်လာခဲ့သည်။
ဂျီမင်းလည်းအခန်းထဲဝင်သွားပီးမကြာပါ မှန်ချပ်လျှို့ဝှက်တံခါးကြီးလည်း ပိတ်သွားလေသည်။ အခန်းအတွင်း သိန်းရာချီတန်သော နှစ်ချို့ဝိုင်များလည်းသိုလှောင်ထားသလို ငွေရောင်ကနုတ်များကွတ်ထားသော ဇိမ်ခံ ကုလားထိုင်များလည်းရှိလေသည်။
ထို့နောက် ၀ိုင်များထားရာ နေရာသို့သွားလိုက်ပီး ဂျီမင်းအကြိုက်ဆုံး အနှစ်သက်ဆုံး နှစ်ငါးရာသက်တမ်းရှိနေပီဖြစ်သည့် ကမ္ဘာပေါ်တွင် အရှားပါးဆုံး ၀ိုင်ပုလင်းကိုကိုင်ကာ ခွက်ထဲထည့်လိုက်ပီး ထိုဝိုင်ခွက်ဖြင့် အခန်း၏ အတွင်းပိုင်းသို့ဝင်လာခဲ့သည်။
ကြမ်းပြင်ဟာလည်း ရွှေအစစ်များဖြင့် ပြုလုပ်ထားသောကြောင့် ဂျီမင်းတခါနင်းလိုက်တိုင်း စီးထားသောshoeနှင့်လိုက်ဖတ်နေသယောင်။
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်