Zawgyi version,
*တီ...တီ...တီ*
စာလုပ်နေရင်း ရုတ်တရက်မြည်လာသော ဖုန်းလေးကြောင့် ဂျီမင်းလည်းကြည့်လိုက်တော့ မသိတဲ့နံပါတ်စိမ်းတခုပင်....
*ဟုတ်ကဲ့ပြောပါ*
*ကိုယ်ပါ*
*ထယ်ယောင်းလား*
*အင်း*
*ဘာကိစ္စရှိလို့လဲ*
*လွမ်းလို့*
*အပိုတွေပြောနေမယ်ဆိုရင် ဖုန်းချလိုက်တော့မယ်*
*တကယ်လွမ်းနေတာပါကွာ.....အပိုမဟုတ်ဘူးဆိုတာ ကိုယ်ဘယ်လိုသက်သေပြရမလဲငယ်ရာ*
ပြင်းရှရှဖြစ်နေသည့် ထယ်ယောင်းရဲ့အသံကြောင့် ဂျီမင်း အောင်နှုတ်ခမ်းလေးအား ခပ်ဖွဖွလေးကိုက်ကာ စည်းချက်မြန်စွာ ခုန်နေသောရင်ခုန်သံကို ထိန်းနေရ၏.....
*ကိုယ် မနက်ဖြန်ကားဂိတ်မှာ ၇နာရီလောက်စောင့်နေမယ်နော် ငယ်နဲ့အတူကျောင်းသွားချင်လို့*
*ဒါပြောမလို့ဖုန်းဆက်လိုက်တာမလား ဖုန်းချလိုက်တော့မယ်*
*အင်းပါ ကိုယ်စောင့်နေမယ်နော် ချစ်တယ်နော်*
*အင်း*
ဖုန်းလိုင်းလေးလည်း ပြတ်တောက်သွားတော့ ဂျီမင်းတစ်ယောက် အကြိမ်ကြိမ်ပြုံးနေမိကာ စာရေးလက်စ စာအုပ်လေးအား ခဲတံဖြင့်လျှောက်ခြစ်နေမိ၏။ ရင်ခုန်တတ်စအရွယ်မှာ ရင်ခုန်ခွင့်ရတာ သိပ်ကိုကြည်နူးဖို့ကောင်းလှသည်။ ထိုချိန်...
*သား ဘာလို့စာအုပ်တွေကိုခြစ်နေတာလဲ*
ဘေးတွင်ထိုင်ကာ မီးပူတိုက်နေသော မေမေ၏သတိစကားကြားတော့မှ ဂျီမင်းလည်းစာအုပ်လေးကိုကြည့်လိုက်တော့ ခဲတံဖြင့် အခြစ်ခံထားရသည်မှာမြင်မကောင်း...
*ဟီး....သား ပုစ္ဆာစဉ်းစားနေရင်း ခြစ်မိသွားတာပါ မေမေ*
*အော်*
*ဒါနဲ့ မေမေ ဒီနေ့ ဂွန်းနူကိုမထိန်းရဘူးလားဟင်*
*အင်း သခင်ကြီးက မနက်ထဲကခေါ်သွားတာ*
*ဟုတ်*
ထို့နောက် ဂျီမင်းလည်းဆက်မမေးတော့ပဲ စာသာလုပ်နေလိုက်သည်....
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်