Zawgyi version,
*မေမေရေ သားပြန်လာပီ*
*ဟော သားတောင်ပြန်လာပီလား*
*ဟုတ်ကဲ့ ဂွန်းနူလည်းရောက်နေတာပဲ*
*ဟုတ်တယ်သားရေ ကလေးက အိမ်တော်မှာ မနေချင်ဘူးဆိုလို့ မေမေဒီကိုခနခေါ်လာတာ*
*ဟုတ်လား ဂွန်းနူကို ကျွန်တော်ရေချိုးပီးရင် ကြည့်ပေးမယ်နော် မေမေခနနားလိုက်ဦး*
*ရပါတယ်သားရယ် စာလုပ်ပါ ကလေးကို မေမေထိန်းလို့ရတယ်*
*ဒီနေ့ ကျောင်းစတက်ရတော့ စာသိပ်မသင်လို့ပါမေမေရဲ့...အော် ဒီမှာမေမေစားဖို့*
ဟူ၍ပြောကာ လွယ်အိတ်ထဲမှ ထယ်ယောင်းဝယ်ပေးလိုက်သော ဟမ်ဘာဂါဘူးလေးအား မေမေ့ဆီသို့ Jiminပေးလိုက်သည်။
*ဒါဘာကြီးလဲသား*
*ဟမ်ဘာဂါလေမေမေ ကျောင်းကသားသူငယ်ချင်းဝယ်ကျွေးလိုက်တာ*
*သားမစားဘူးလား*
*သားသိပ်မကြိုက်လို့ပါ မေမေစားလိုက်နော် သားရေချိုးဦးမယ်*
အမှန်တော့ ဂျီမင်းမကြိုက်တာထက် မေမေ့ကိုစားစေချင်သောကြောင့်ပင်။
*အေးအေး*
ထို့နောက် ဂျီမင်းလည်း အင်္ကျီများချွတ်ကာ ရေချိုးရန်ပြင်ဆင်ခဲ့သည်၊ မေမေက ဟန်အိမ်၏ သခင်လေး တစ်နည်းပြောရရင် ဟန်မျိုးရိုး၏နောက်ဆုံးမျိုးဆက်ဖြစ်သည့် ဟန်ဂွန်းနူ၏ ကလေးထိန်းပင်။
ဟန်အိမ်တော်က သခင်ကြီးကိုတော့ ဂျီမင်း နှစ်ခါသာမြင်ဖူးသည်။ သခင်ကြီးကလည်း ဝန်ထမ်းတွေနေသည့်အဆောင်ကို သိပ်မလာသောကြောင့် ဂျီမင်းနှင့်မရင်းနှီးပေ၊
မေမေပြောတော့ သခင်ကြီးက လူကောင်းဆိုပေမဲ့ ဂျီမင်းကတော့ သခင်ကြီးကို မြင်ဖူးသည့်နေကစပီး နောက်တခါ သခင်ကြီးအရှေ့ကို မသွားချင်ပေ။ ဘာလို့လဲဆိုတော့ သခင်ကြီး၏မျက်နှာထားဟာ သိပ်ကိုတင်းမာလွန်း၍ ကြောင်စရာကောင်းသောကြောင့်ပင်။
ဝန်ထမ်းတွေနေသည့် အဆောင်ဖြစ်လို့ တစ်ခန်းနဲ့တစ်ခန်းက ကပ်နေပီး တဖက်အခန်းကအသံများကိုလည်း တခြားတဖက်က ကြားရသည်။ ထို့ကြောင့်တစ်ခါတစ်လေဆိုရင် တစ်ဖက်အခန်းတွေမှ ရန်ဖြစ်သံကအစ ဂျီမင်းတို့ကြားနေရသောကြောင့် သိပ်တော့အဆင်မပြေလှ။ သို့သော်လည်း သားအမိနှစ်ယောက်ထဲမို့လို့ အခန်းကျဉ်းသော်လည်း သည်းခံ၍သာနေခဲ့သည်။
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်