Ep-32(Z/U)

3.1K 387 20
                                    

Zawgyi version,

မနက်ခင်း မြူနှင်းတဖွဲဖွဲကျနေသည့်အချိန်တွင် ခေါင်မိုးထပ်ရှိ ဂွမ်းကပ်စောင်အဖြူကြီးထဲ၌ တစ်ကိုယ်လုံးနစ်မြုပ်မတက် တိုးဝှေ့ကာ အိပ်ပျော်နေသောဂျောင်ကုတစ်ယောက် မျက်လုံးစုံမှိတ်လျက်ပင် ဘေးဘက်သို့ လက်ဖြင့်စမ်းကြည့်နေမိ၏.....

သို့သော် ဂျောင်ကုဘေးတွင် ဘယ်သူမှရှိမနေပဲ ကြမ်းပြင်ကြီးသာ....ထို့ကြောင့် မှေးစက်နေသော မျက်လုံးတစ်စုံအား အတင်းဖွင့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ မင်ကရှိမနေခဲ့......

အိမ်ပတ်လည်လိုက်ကြည့်မိလိုက်တော့ မင့်ကားသော့က စားပွဲအပုလေးအပေါ်တွင်ရှိသေးသောကြောင့် အိမ်တော်ကို မင်မပြန်သေးဘူးဆိုတာသေချာသည်.....

ဂျောင်ကုလည်း ခြေရင်းတွင်ပွကြဲနေသော အင်္ကျီအားဝတ်ကာ အပြင်သို့ထွက်လာတော့ အိမ်ရှေ့မျက်နှာစာရှိခုံအပုလေးတွင် ထိုင်နေသောမင်....

အခန်းထဲမှာတောင်အေးနေတာ အပြင်မှာဆိုအအေးဒဏ်က နှစ်ဆပိုအေး၏...ဒါကို အင်္ကျီအပါးလေးဝတ်ပြီးထိုင်နေသောမင်ကြောင့် ဂျောင်ကုလည်း အိမ်ထဲသို့ပြန်ဝင်ကာ မင်ခြုံဖို့စောင်လိုက်ရှာနေခဲ့သည်.....

သို့သော်စောင်အစား ပုဝါအဝါလေးကိုတွေ့သောကြောင့် ထိုပုဝါလေးကိုသာယူပြီး မင့်အနောက်ကနေခြုံပေးလိုက်တော့ လှည့်ကြည့်လာလေရဲ့.....

*နိုးပီလားဂျောင်ကု*

*အင်း ဒီလောက်အေးနေတာကို အပြင်ထွက်ထိုင်နေရလား*

*အခုမအေးတော့ဘူးလေ မင်းပုဝါခြုံပေးလိုက်လို့*

ပုဝါလေးအား ရင်ဘတ်သို့ဆွဲကပ်၍ခြုံလိုက်သောမင်ရဲ့မျက်နှာလေးဟာ ကြည်လင်နေသောကြောင့် မြင်ရသူတိုင်းအေးချမ်းစေသည်....

*မျက်နှာမသစ်ရသေးဘူးမလားဂျောင်ကု*

*အင်း မသစ်ရသေးဘူး*

*မျက်နှာသွားသစ် ပြီးရင်အိမ်တော်ကိုပြန်ရမယ် အချိန်ဖြုန်းလို့မဖြစ်တော့ဘူး*

*အဲ့ဒါဆိုခနစောင့်နော် ကျွန်တော်မြန်မြန်ပြင်ဆင်လိုက်မယ်*

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now