Zawgyi version,
မနက်ခင်း၏လင်းရောင်ခြည်ဟာ ဂျောင်ကုအားထလော့ဟုနှိုးဆော်နေသလိုပင်.....ကျောဘက်ကခပ်နွေးနွေးနေရောင်လေးကြောင့် ဂျောင်ကုလည်းဆက်မအိပ်တော့ပဲ မျက်လုံးတစ်စုံအားဖွင့်ကြည့်လိုက်တော့ ဂျောင်ကု၏လက်မောင်းတို့ဟာ လှုပ်ရှား၍မရခဲ့.....
အကြောင်းမှာတော့ မင်ရဲ့ခေါင်းလုံးလုံးလေးဟာ ဂျောင်ကုလက်မောင်းအား ခေါင်းအုံးတစ်ခုသဖွယ်ကျကျနန အုံးထားလေသည်....ထို့ကြောင့် ဂျောင်ကုလည်း မင်နိုးသွားမှာစိုးသောကြောင့် မလှုပ်ရှားတော့ပဲ ငြိမ်ငြိမ်လေးနေလိုက်ကာ အိပ်စက်နေသော မင်ရဲ့မျက်နှာလေးအား အကြည့်လွှဲထားလိုက်၏......
မျက်လုံးတို့သည် ကြည့်နေရုံနဲ့အားမရသောကြောင့် ဝါဂွမ်းလေးသဖွယ် နုညက်လှသောပါးပြင်လေးအား လက်မဖိုးလေးနဲ့ ခပ်ဖွဖွလေးပွတ်ကြည့်လိုက်မိပြန်သည်....ဒါနဲ့တင် မရောင့်ရဲ့သေးသဖြင့် မင်ရဲ့နှာတံစင်းစင်းလေးအား လက်ညိုးလေးနဲ့ ဖြေးညှင်းစွာပွတ်ဆွဲလိုက်သည်အထိ မင်ဟာနိုးမလာသေး.....
မင်တော်တော်ပင်ပန်းနေတဲ့ပုံပင်.....မနေ့ညက ဘုရားကျောင်းလေးဆီကပြန်လာလာချင်း ဂျောင်ကုသာမာန်နေ့တွေထက် မင့်ကိုပိုပြီးကြမ်းမိခဲ့သည်.....မင်ဟာလည်း ဂျောင်ကုအား သာယာမှုအပြည့်အဝပေးနိုင်သည့်အပြင် ဂျောင်ကုဆန္ဒကိုလည်း မငြင်းဆန်ခဲ့...
ပြောရရင် မနေ့ကမင်နဲ့ဂျောင်ကုတို့ရဲ့ မင်္ဂလာဦးညမလား....မနေ့က ကိုယ့်လက်စအကြောင်းကိုယ်သိသောကြောင့် မင့်ကိုအားနာသွားမိသည်.....ထို့ကြောင့် မင်ရဲ့နဖူးလေးအား ငြင်သာစွာနမ်းရှိုက်ကာ မနက်ခင်းလေးအား ဂျောင်ကုလှပစွာ ပုံဖော်နေမိ၏....ထိုချိန်
*နဖူးပဲလားHoney*
*နိုးပြီလားမင်*
*နိုးတာကြာပြီ မင်းဘာလုပ်မလဲသိချင်လို့ အိပ်ချင်ယောင်ဆောင်နေတာ*
*မင်ကအလည်လေးပဲ*
*မင်းကမှလည်တာပါနော် သူများအိပ်နေတာကိုအခွင့်ကောင်းယူပီး နမ်းတာနှစ်ခါရှိပြီနော်*
*ဟင်....နှစ်ခါဟုတ်လား ကျွန်တော်နှစ်ခါတောင်ခိုးနမ်းခဲ့တာလား*
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်