Ep-29(Z/U)

2.8K 382 49
                                    

Zawgyi version,

*တီးတောင်....တီးတောင်...တီးတောင်*

ဘဲလ်အား အဆက်မပြတ်နှိပ်နေသော အပြင်ကလူကြောင့် ထယ်ယောင်းအိမ်က အိမ်အကူအဒေါ်ကြီးလည်း အမြန်သွားဖွင့်ပေးလိုက်တော့ အကိုလေးသူငယ်ချင်း ဟိုဆော့ပင်......

*မင်္ဂလာအဒေါ်ကြီး ကင်မ်ထယ်ယောင်းအပေါ်ထပ်မှာရှိတယ်မလား*

*ဟုတ်ကဲ့ ဒါနဲ့အစောကြီးဘာလာလုပ်တာလဲကွဲ့*

*နောက်မှရှင်းပြပါ့မယ်*

ဟိုဆော့လည်းအပေါ်ယံသာဖြေပီး အပေါ်ထပ်သို့ အမြန်ပြေးတက်လာလိမ့်သည်။ အနောက်တွင်ကျန်ခဲ့သော အဒေါ်ကြီးမှာလည်း ကြောင်စီသွားရသည်။

ထို့နောက် ထယ်ယောင်း၏အခန်းတံခါးအား ဆွဲဖွင့်လိုက်တော့ ကုတင်ထက်တွင် ထိုးဆေးများစွာဖြင့် အိပ်ပျော်နေသောလူသား.....

*ကင်မ်ထယ်ယောင်း!!! ထစမ်း ဟျောင့် ထစမ်း*

ဟိုဆော့လည်းကုတင်အပေါ်သို့တက်ကာ အိပ်ပျော်နေသော ထယ်ယောင်း၏အင်္ကျီကော်လံအစအား ဆုတ်ကိုင်၍ နှိုးနေလိုက်သည်.....

*fuck ဂျောင်ဟိုဆော့ သွားစမ်း ငါဒီနေ့ကျောင်းမတက်ဘူး*

မျက်လုံးတချက်တောင်မဖွင့်ပဲ ဟိုဆော့အားတွန်းထုတ်ကာ ခေါင်းအုံးဖြင့်နားကိုဖိကပ်ပီးပြန်အိပ်ပျော်သွားသောထယ်ယောင်းကြောင့် ဟိုဆော့ ဒေါသတွေပိုပီးထွက်လာရ၏......

*ဂျီမင်းကိုမင်းဘာလုပ်လိုက်တာလဲထယ်ယောင်း.....ဂျီမင်းသတင်းတွေကျောင်းရဲ့pgတိုင်းမှာပျံ့နေပီ*

*ငါမသိဘူး*

ပြီးစလွယ် ပြန်ဖြေသောထယ်ယောင်းအား ဟိုဆော့လည်းသည်းမခံနိုင်တော့သဖြင့် ဆွဲထူလိုက်ကာ မျက်နှာထက်သို့ အားပြင်းသည့်ထိုးချက်တစ်ခု ဒဏ်ပေးလိုက်သည်.....

*ခွပ်*

*မင်း....မင်းမလား ဂျီမင်းကို Bobဆီထိုးကျွေးခဲ့တာမင်းမလား*

ဟိုဆော့ရဲ့အသံတို့ဟာလည်း တုန်ယင်နေပီး မျက်ရည်များလည်းကျလျက်......

*ဘာလဲဟာ ဂျီမင်းကို ဟိုသူတောင်းစားဆီမှာ တစ်ညလေးပဲထားခဲ့တာ မင်းကပါဘာလို့ ငိုယိုနေရတာလဲ*

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now