Ep-42(Final)Z/U

6.2K 504 129
                                    

Zawgyi version,

*တရားခုံရုံးအမှတ်(အမှတ်၁၅၃၈)အရ တောင်ကိုရီးယားနိုင်ငံ၏ ပြည်သူလူထုနှင့် နိုင်ငံရေးငွေကြေးအား ရှုတ်ထွေးစေသော တရားမဝင်ငွေစက္ကူများ ထုတ်လုပ်နေသည့် တရားခံဟန်ဂျီမင်း ခေါ် ပတ်ခ်ဂျီမင်းအား စတင်စစ်ဆေးပါတော့မည်*

ဆိုသည့် တရားသူကြီး၏ စကားအသံအစချီနေသည်အထိ ဂျောင်ကုရောက်မလာသေးသောကြောင့် ထယ်ယောင်းစိတ်ပူလာရ၏....ဖုန်းဆက်တော့လည်း စက်ပိတ်ထားလေသည်....ညကပြောတော့ Kနဲ့အတူအပြင်မှာအိပ်ဖြစ်မယ်တဲ့.....အဲ့ဒါကြောင့်မို့လို့ ထယ်ယောင်းနဲ့ဟိုဆော့က အတူတရားရုံးကိုရောက်လာသော်လည်း Kနဲ့ဂျောင်ကုကတော့ အခုထိပေါ်မလာသေး.....

တရားခံဆိုသည့် အမည်ကတ်ပြားလေးထောင်ထားသည့် စားပွဲဘက်တွင် ရှေ့နေနဲ့အတူထိုင်နေသော ဂျီမင်းဟာလည်း မျက်နှာလေးချောင်သွားလိုက်တာ.....ဂျီမင်းရဲ့ရှေ့နေနဲ့ နိုင်ငံကိုယ်စားပြု ရှေ့နေတို့က အပြိုင်အဆိုင် ဖြစ်စဉ်များကို တရားသူကြီးရှေ့မှောက်ထံ တင်သွင်းနေတဲ့အချိန် ဂျောင်ကုရောက်လာမှဖြစ်မည်။

ထယ်ယောင်းနဲ့ဟိုဆော့လည်း ခုံရုံးတံခါးဖွင့်လာပြီးဂျောင်ကုများရောက်လာမလားဆိုပြီး လှည့်ကြည့်ရတာအမော.....

"ဒါက ဂျီမင်းကိုကယ်လို့ရမဲ့နောက်ဆုံးအခွင့်အရေးပဲနော် ဂျောင်ကု.....မင်းအမှီရောက်လာမှဖြစ်မယ်"

.................

*တီ...တီ...တီ*

ဆိုသည့် K၏ဖုန်းကနှိုးစက်ကြောင့်ဂျောင်ကုရောKပါ အတူနိုးလာခဲ့သည်....မနေ့ညက နှစ်ယောက်သားပြောမိရာရာစကားတွေ အများကြီးပြောရင်း ကားပေါ်မှာအိပ်ပျော်သွားခဲ့ရတာ.....ဂျောင်ကုဖုန်းက ညထဲကbatteryကုန်နေလို့ Kရဲ့ဖုန်းနဲ့မနက်ခြောက်နာရီကို နှိုးစက်ပေးထားခဲ့၏။

*ဂျောင်ကု မင်းအခုသွားပြီး တရားရုံးမှာစောင့်နေလိုက်ရုံပဲ တရားခွင်က ခုနှစ်နာရီစမှာ*

*အင်း မင်းကရော တကယ်မလိုက်တော့ဘူးလား*

*သခင့်ကိုပြောလိုက်ပါ သခင်လေးဂွန်းနူကိစ္စကို ငါတာဝန်ယူပြီး သခင်လေးအဒေါ်ဆီကိုလွှဲပြောင်းပေးပါ့မယ်လို့....ငါမလိုက်လည်းမင်းတစ်ယောက်ထဲလုပ်နိုင်တယ်မလား*

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now