Ep-38(Z/U)

2.9K 367 44
                                    

Zawgyi version,

*ဒေါက်....ဒေါက်....ဒေါက်*

အပြင်ဘက်က တံခါးခေါက်အသံကြောင့် ဂျီမင်းလည်း ကျိန်းစက်နေသော မျက်ဝန်းတစ်စုံအားဖွင့်ကြည့်လိုက်တော့ ကုတင်ထက်တွင် အပေါ်ဗလာဖြင့် ဂျောင်ကုနဲ့အတူ အိပ်ပျော်နေခြင်းပေ......တံခါးသွားဖွင့်ပေးရန် ဒီအခြေအနေနဲ့အဆင်မပြေခဲ့....ဘေးကလူသားလေးကလည်း အိပ်နေလိုက်တာများ.....ထို့ကြောင့် အခန်းထဲကသာအသံပြုလိုက်သည်....

*ဘယ်သူလဲ*

*Kပါသခင်*

*ဘာကိစ္စလဲ*

*ဒီနေ့ သခင်ဂျယ်ဂျူဒိုကိုသွားမယ်လို့ စီစဉ်ထားတာ အခုအကုန်လုံးအသင့်ဖြစ်နေပါပြီ*

Kရဲ့စကားကြောင့် ဂျီမင်းလည်း ဂျယ်ဂျူဒိုသွားမဲ့ကိစ္စကို ပြန်သတိရမိ၏.....

*နာရီဝက်နေရင်ထွက်လာခဲ့မယ်*

*ကောင်းပါပြီသခင်*

အခန်းဝရှိKထွက်သွားတော့မှ ဂျီမင်းလည်း ကုတင်ဘေးက စားပွဲအပုလေးတွင်တင်ထားသော လက်ပတ်နာရီလေးအားကြည့်လိုက်တော့ မနက်ခုနှစ်နာရီခွဲနေလေပြီ.....ဒါဟာ ဂျီမင်းအတွက် အနောက်အကျဆုံးအိပ်ယာထခြင်းပေ...အရင်ကဆို  မနက်လေးနာရီလောက်ထဲကနိုးနေပြီး အိမ်တော်ကို လိုက်စစ်ဆေးနေကြ.....

ထို့နောက် ကုတင်အပေါ်မှထကာ အောက်ပိုင်းတွင် ညဝတ်ဘောင်းဘီ မီးခိုရောင်ဖြင့် ရေချိုးခန်းသို့ဦးတည်လိုက်ရာမှ ကုတင်တွင်အိပ်ပျော်နေသော ဂျောင်ကုဆီသို့ပြန်လှည့်လာလိုက်၏......

*Honey*

*......*

*Honey မင်းဂျယ်ဂျူဒိုလိုက်ချင်လား ငါပြီးရင်ဂျယ်ဂျူဒိုသွားရမှာ လိုက်ချင်ရင်အခုထပြီး ပြင်ဆင်တော့နော်*

*......*

ဂျီမင်းကသာ အိပ်ပျော်နေသော ဂျောင်ကုအားနိုးနေပါသော်လည်း ထိုကောင်လေးကတော့ တစ်ချက်လေးတောင်မလှုပ်ခဲ့.....ဂျီမင်းလည်း ဆက်မနှိုးတော့ပဲ ရေချိုးခန်းသို့သာဝင်လာလိုက်သည်.....

ဂျယ်ဂျူဒိုကိုလည်းခေါ်မသွားတော့ပါဘူးလေ.....နေ့ချင်းပြန်ပဲကို....

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now