Zawgyi version,
နှစ်နာရီရှိလေပီ။ ဂျောင်ကုလေ့ကျင့်နေသည်ကို အနောက်တွင်ထိုင်ပီး ဟန်ဂျီမင်းကြည့်နေသည်မှာ...
သေနတ်အသံများနဲ့ဆူညံနေသည့် နေရာတွင် မျက်နှာတချက်မပြတ် ခြေချိတ်ထိုင်ပီး လက်ပိုက်ကြည့်နေသည်က ဂျောင်ကုအတွက်ကျောချမ်းစရာကောင်းလှသည်။
*ဖြောင်း....ဖြောင်း...ဖြောင်း*
လက်ခုပ်အသံနဲ့အတူ ထိုင်နေရာကထပီး ဂျောင်ကုဆီလျှောက်လာသောဂျီမင်း....
*ဘယ်ဆိုးလို့တုန်း အချိန်တိုအတွင်း အတတ်မြန်တာ...မသိရင် ကျွမ်းကျင်အဆင့် လို့တောင်ထင်မိတယ်*
*အဟမ်း အဲ့လောက်လည်းမဟုတ်ပါဘူးဗျာ*
*ထိုင်ဦး*
*ဟုတ်ကဲ့*
*မင်းဘာကြောင့် ငါ့အနားမှာနေချင်တာလဲ*
*ကျွန်တော် အင်အားကြီးတဲ့backgroungလိုချင်လို့ပါ*
*reason?*
*လူတွေဖိနှိပ်မခံချင်လို့ပါ*
ဂျောင်ကုစကားတခွန်းကြောင့် မျက်ခုံးပင့်တက်သွားသောဂျီမင်းဟာ အဖြေကိုကျေနပ်သွားယောင်။
အလိမ်အညာတွေနဲ့ပဲစတင်ခဲ့ရလို့လားမသိဘူး ဂျောင်ကုအတွက် နှုတ်ကလိမ်ညာဖို့ဝန်မလေးတော့သလိုပါပဲ....
*ကျောင်းပီးပီလား*
*ဟုတ်ကဲ့*
*အသက်*
*26ပါ*
*အင်း...မင်းမိဘတွေရော*
*အဟမ်း....ကျွန်တော်ကမိဘမဲ့ပါ*
*အင်း*
*တစ်ခုလောက်မေးလို့ရမလား သခင်*
*အင်း*
*ကျွန်တော့်အကြောင်း သခင်ကိုယ်တိုင်စုံစမ်းလို့ရရဲ့သားနဲ့ ဘာလို့ကျွန်တော့်ကိုမေးနေတယ်ဆိုတာ နားမလည်ပါဘူး....ကျွန်တော့်ကိုယုံလားသခင်က*
*ဟင့်အင်း မင်းကိုယုံလွန်းလို့မစုံစမ်းတာမဟုတ်ဘူး မင်းဘယ်လောက်အထိ လိမ်ညာတတ်လဲဆိုတာစမ်းကြည့်နေတာ*
*ဟမ်...ဘာကိုဆိုလိုတာလဲဗျ*
တဖြေးဖြေးအေးစက်လာသော ဂျောင်ကုရဲ့ခြေလက်တွေဟာ ဂျီမင်း၏အသွားထက်သည့်စကားတွေကြောင့် မကြာခင်မှာတုန်ရီလာတော့မည်ပုံပင်။
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်