Zawgyi version,
*မနက်ဖြန် ကိုယ်ကားဂိတ်မှာစောင့်နေမယ်နော်ငယ်*
*ဟုတ်*
*အဲ့ဒါဆို ဝင်တော့လေ*
*ယောင်းလည်းဂရုစိုက်ပြန်နော်*
*ဟုတ်ပါပီဗျာ*
ထို့နောက် ငယ့်နဖူးလေးအား နူးညံ့စွာနမ်းရှိုက်ရင်း မနက်ဖြန်အတွက်အားယူမိ၏။ ငယ်လည်း အိမ်ထဲဝင်သွားတော့မှ ထယ်ယောင်းလည်းအိမ်သို့ပြန်လာခဲ့သည်။
ဒီတစ်နေ့လုံးငယ်က ထယ်ယောင်းနဲ့အတူအချိန်တွေကုန်ပေးပြီး Dateခဲ့တာကြောင့် အမှတ်တရများစွာလည်းဖန်တီးခဲ့ကြ၏.....နမ်ဆန်Towerအရှေ့တွင်ရှိသော အကြွေစေ့ဖြင့် ဓာတ်ပုံရိုက်လို့ရသည့်နေရာတွင်လည်း နှစ်ယောက်အတူ ဓာတ်ပုံရိုက်ခဲ့ကြသေးသည်။
ပြန်တွေးရင်း ရင်တွေခုန်လာသောကြောင့် လွယ်အိတ်ထဲတွင်ထည့်ထားသော ဓာတ်ပုံလေးအား ထုတ်ကြည့်မိလိုက်၏....တကယ်ပါ ငယ်ဟာလေ ဓာတ်ပုံထဲမှာတောင် ထယ်ယောင်းရဲ့ နှလုံးသားကိုချုပ်ကိုင်ထားတာ....
မျက်လုံးလေးမှိတ်ကာ ထယ်ယောင်း၏ပါးအားကလေးလေးများသဖွယ် နမ်းနေသော ငယ်၏အထိအတွေ့ဟာ ထယ်ယောင်းအတွက်တော့ တန်ဖိုးရှိလှသည်။ ဒီညတော့ မျက်နှာမသစ်ပဲအိပ်ရမည် ဘာလို့ဆို ငယ်က သူ့ပါးလေးကိုနမ်းထားတာမလား....
ကိုယ့်အတွေးနဲ့ကိုယ်ကြည်နူးပီးမကြာပါ အိမ်သို့်ရောက်လာသဖြင့် ထယ်ယောင်းလည်း ဓာတ်ပုံလေးအားလွယ်အိတ်ထဲပြန်ထည့်ကာ ဝင်လာခဲ့လိုက်သည်။
သို့သော် အိမ်ထဲရှိ ဖိနပ်စင်တွင် ဖိနပ်ချွတ်နေတုန်း ဧည့်ခန်းရှိစကားပြောသံများကို ထယ်ယောင်းကြားနေရ၏။
*ရှေ့နေဂင် ဂျောင်ကု လန်ဒန်မှာရှိနေတုန်း သူ့နာမည်နဲ့အမွေတွေအားလုံးကို ကျွန်တော့်နာမည်နဲ့လွှဲလိုက်ပါ ဖြစ်နိုင်ရင် မြန်စေချင်တယ်*
ထိုစကားကြောင့် ဖိနပ်ကြိုးဖြည်နေသည့် ထယ်ယောင်းလက်များရပ်တန့်သွားကာ ခေါင်းတစ်ခုလုံးလည်းရှုတ်ထွေးလာရ၏....ဘာတွေလဲ ဘာလို့ဖေဖေက ဒီစကားတွေပြောနေရတာလဲ....
ထိုချိန် ဖိနပ်စင်အရှေ့တွင် ရှေ့နေဂင်နဲ့ထယ်ယောင်းတွေ့လေသည်။ ကြည့်ရတာ ရှေ့နေဂင်ကအိမ်ပြန်တော့မည်ပုံပင်။ သို့သော် ထယ်ယောင်းကိုမြင်တော့ မလုံမလဲဖြစ်ကာ မျက်နှာလွှဲသွားလေရဲ့....
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်