Ep-16(Z/U)

3.1K 449 35
                                    

Zawgyi Version,

*ဒေါက်တာဂင်ကို ဖုန်းခေါ်ထားK*

*ဟုတ်ကဲ့*

အသက်ရှုသံခပ်ပြင်းပြင်းနှင့် အလျင်လိုနေသောသခင်၏ပုံစံအား Kပထမဆုံးမြင်ဖူးခြင်းပေ။ သခင်လေးလီယိုနေမကောင်းတုန်းကတောင် အခုလောက်အထိမဖြစ်ခဲ့။

*ခနလောက် သည်းခံလိုက် အိမ်တော်ရောက်ရင် ဆရာဝန်ခေါ်ထားလို့ အဆင်ပြေသွားလိမ့်မယ်*

*ကျွန်တော်အဆင်ပြေပါတယ် မင်*

ရုတ်ချည်းဆိုသလို ဂျောင်ကု၏အခေါ်အဝေါ်ကြောင့် ကားအရှေ့အခန်းတွင် ထိုင်နေသောKနဲ့ Driverတို့မှာ မျက်လုံးအပြူးသားဖြစ်ခဲ့ရသည်။

"သခင်နဲ့ ကင်မ်ဂျောင်ကုနဲ့ကဘာတွေလဲ"

.......

သွေးထွက်များနေသော ဂျောင်ကုလက်မောင်းကြောင့် ဂျီမင်း စိတ်ပူခဲ့ရတာ အမှန်ပင်....လက်မောင်းက အသက်အန္တာရယ်ထိခိုက်စေနိုင်တဲ့နေရာမဟုတ်ပေမဲ့လည်း ဂျီမင်းအတွက်တော့ ဖြစ်နိုင်ရင်ဂျောင်ကုကို ဘာမှအထိခိုက်မခံနိုင်ခဲ့။

ဒီနေ့အဖြစ်အပျက်ကြောင့်ပဲ ဂျီမင်း ထိုကောင်လေးအပေါ်မှာရှိတဲ့ခံစားချက်တွေကို ပိုပီးနားလည်လာသလို လက်မခံချင်လည်းလက်ခံရတော့ပေမည်။

ဂျောင်ကုကို ဂျီမင်း နက်နက်ရှိုင်းရှိုင်းကို ချစ်နေမိပြီ....ဒါပေမဲ့ ဒါကိုထိုကောင်လေးဆီမှာ ဝန်ခံဖို့အဆင်သင့်မဖြစ်သေးပေ....

မကြာပါ အိမ်တော်သို့ရောက်လာခဲ့၏.....

ကားပေါ်ကဆင်းတာနဲ့ ဂျောင်ကုကိုတွဲခေါ်ဖို့လုပ်နေသည့်Kအား ဂျီမင်းတားမိလိုက်သည်....

*ရတယ်K ငါတွဲလိုက်မယ်*

ထို့​နောက် ဂျောင်ကု၏မထိခိုက်ထားသောဘယ်လက်အား ကိုင်ကာ အိမ်ထဲဝင်လာတော့ ဝန်ထမ်းတွေအားလုံးလည်း အထိတ်တလန့်ဖြစ်ကုန်ကြသည်။

*အကုန်လုံး အိမ်တော်ကထွက်သွားကြ*

*ဟုတ်..ဟုတ်ကဲ့*

*K ဆရာဝန်လာရင် ငါ့အခန်းထဲကိုခေါ်လာခဲ့လိုက်*

အမိန့်ဆန်ဆန်လေသံဖြင့်ပြောကာ ဂျောင်ကုကို ဂျီမင်းအခန်းထဲသို့ခေါ်လာခဲ့လိုက်သည်။ သို့သော် ဂျီမင်း၏အပြုအမူကြောင့် Kအပါအဝင်အကုန်လုံး မယုံနိုင်အောင်ဖြစ်ခဲ့ရ၏။ မဖြစ်ရရိုးလား ဟန်ဂျီမင်းဆိုသည်မှာ ဘယ်တုန်းကများ လက်အောက်ကလူတွေထိခိုက်ရင် အခန်းထဲအထိ ခေါ်ဖူးလို့လည်း။ ဒီအတိုင်း ဆရာဝန်ခေါ်ပေးပီး ဆေးကုခိုင်းတာပဲရှိတယ်။

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now