Zawgyi version,
*တီ....တီ....တီ*
သန်းခေါင်ယံတွင် ရုတ်တရက်ထမြည်လာသောဖုန်းကြောင့် ဂျီမင်းလည်း မေမေနိုးသွားမည်စိုးသဖြင့် စက်ပိတ်ရန်လုပ်နေတုန်း content nameကြောင့် ဂျီမင်းစက်ပိတ်မည့်အစား ဖုန်းကိုင်လိုက်ကာ အပြင်သို့ထွက်လာရ၏.....
တော်ကြာ စကားပြောအသံကြားပီး မေမေနိုးသွားမှဖြင့်...
*ယောင်း.....ဘာကိစ္စရှိလို့လဲဟင်*
*ကိုယ် မင်းအိမ်ရှေ့ရောက်နေတယ် ခနထွက်လာခဲ့*
*ဟင်*
ဆိုင်းမဆင့် ဗုံမဆင့် ညဆယ်နာရီလောက်ကြီး အိမ်ရှေ့ရောက်လာသော ယောင်းကြောင့် ဂျီမင်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့....အရင်ရက်တွေက အဆက်အသွယ်ဖြတ်ထားလို့များ လာချော့တာလား.....
*အခုချက်ချင်းထွက်လာခဲ့နော်*
လို့ပြောပီး ဖုန်းချသွားသောလူသားကြောင့် ဂျီမင်းလည်းအိမ်ထဲအမြန်ဝင်ကာ အပေါ်ထပ်အင်္ကျီလေးအား မေမေမသိအောင်ယူ၍ အဆောင်မှထွက်လာခဲ့သည်....
..........
ဂျီမင်းတစ်ယောက် ယောင်းဆီဘယ်လောက်တောင် စိတ်ရောက်နေလဲဆိုရင် ဖိနပ်သေချာတောင်မစီးနိုင်ပဲ ကွင်းထိုးဖိနပ်ကြီးသာခွက်လာရ၏။
မကြာပါ အိမ်တော်ထဲကထွက်လာတော့ မျက်နှာချင်းဆိုင်တွင် ဆိုင်ကယ်အားမှီပြီးမတ်တပ်ရပ်နေသောယောင်းကိုတွေ့သောကြောင့် ဂျီမင်းလည်း ယောင်းဆီပြေးသွားလိုက်သည်....
*စောင့်ရတာကြာသွားလားယောင်း*
*သိပ်မကြာပါဘူး ကိုယ်နဲ့တနေရာလိုက်ခဲ့*
ဂျီမင်း၏ခေါင်းလေးအား helmetတပ်ပေးနေသောကာ အလောတကြီးလုပ်နေသောယောင်း၏ကိုယ်သင်းရနံ့လေးကြောင့် ဂျီမင်းရန်တွေခုန်လာရ၏။
*ယောင်း ကျွန်တော်လိုက်လို့မဖြစ်ဘူးထင်တယ် မေမေနိုးလာလို့ ကျွန်တော်မရှိရင်စိတ်ပူနေလိမ့်မယ်*
*ခနလေးပဲကိုကွာ ဘာလို့ရစ်နေရတာလဲ*
စိတ်မရှည်သည့်လေသံဖြင့် ပြန်ဖြေသောယောင်းကြောင့် ဂျီမင်းလည်း ဆက်မပြောတော့ပဲလိုက်သွားရန်သာဆုံးဖြတ်ကာ ဆိုင်ကယ်အပေါ်သို့ တက်လိုက်၏.....
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်