Zawgyi version,
*ထယ်ယောင်း*
*အော် ဟိုဆော့ လာလေ*
*မင်း ဟိုတနေ့က Social mediaပေါ်တင်လိုက်တဲ့ ပန်းချီက အခု trendဖြစ်နေတယ်ဟ*
*ငါ့Igကတဆင့်တင်လိုက်တဲ့ဟာလား*
*အေး မင်းaccမင်းလည်းဝင်ကြည့်ဦး likeက 1M နီးပါရတော့မယ်*
*ဟုတ်လား*
ဟုပြော၍ အိတ်ကပ်ထဲက ဖုန်းလေးထုတ်ကာ Igထဲဝင်ကြည့်လိုက်တော့ sharing က 99.9k နဲ့ likeက 1M ဖြစ်နေလေသည်...မဆိုးပါဘူး အောင်မြင်သားပဲ။
ထို့နောက် ပုခုံးတချက်တွန့်ကာ ဖုန်းလေးပိတ်ပီး အိတ်ထဲပန်ထည့်ထားကာ ဆွဲလက်စပန်းချီကိုသာအာရုံပြန်စိုက်နေမိသည်။
*ဘာလဲဟ မင်းreactionက မပျော်ဘူးလားထယ်ယောင်း အခုချိန်အဲ့ပန်းချီကိုသာလေလံဆွဲရင်မင်းကြိုက်တဲ့ဈေးပြော အကုန်မင်းစိတ်တိုင်းကျပဲနော်*
*တော်ပါပီကွာ ငါအဲ့ပန်းချီကိုရောင်းဖို့ဆွဲခဲ့တာမဟုတ်ဘူး ဟိုဆော့*
*ဂျီမင်းလေးကိုတွေးရင်းဆွဲထားတာမလား*
ဟိုဆော့စကားကြောင့် အနားသတ်လေးဆွဲနေသောထယ်ယောင်းလက်များရပ်တန့်သွားကာ နံရံထောင့်လေးတွင်ရှိသော ပန်းချီလေးကို တချက်ငေးကြည့်မိသည်။
ပုံထဲတွင် ကောင်လေးနှစ်ယောက်ကတင်းကြပ်စွာဖက်ထားသော်လည်း အရပ်အနည်းငယ်ရှည်တဲ့ကောင်လေး၏လက်ထဲတွင်ဓားမြှောင်တချောင်းကိုင်ထားကာ အရပ်အနည်းငယ်ပုနေသောကောင်လေး၏နောက်ကျောအားထိုးရန်ရွယ်နေသောပုံပင်.....
*အင်း....အဲ့ပန်းချီကားထဲကအတိုင်းငါ ငယ့်အပေါ်ကိုရက်စက်ခဲ့တာလေ*
*အရူး အဲ့ဒါကိုမင်းကပန်းချီဆွဲပီး မင်းဒဏ်ရာကို ပြန်ဆွပေးနေတာလား*
*အင်း အဲ့လိုပဲဖြစ်ဖြစ် ငါ့ကိုယ်ငါအပြစ်ပေးချင်လို့*
*တော်လောက်ပီလေ ယောင်းရာ မင်းကိုယ်မင်းနှိပ်စက်နေတာငါးနှစ်ရှိနေပီသိလား မင်းဒီလိုလုပ်လည်း ဂျီမင်းလေးက မင်းဆီပြန်လာမယ်တဲ့လား*
*ငယ်ပြန်မလာလည်းရပါတယ် ငါကတော့ ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်သေးသ၍ ငါ့စိတ်ထဲမှာငါ့ကိုယ်ငါပိတ်လှောင်ထားဦးမှာ*
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်