Zawgyi version,
*တောင်းပန်ပါတယ်ငယ်*
*တော်ပါတော့အဲ့တောင်းပန်တာကြီးကို....လူကိုလည်းမပြောမဆိုနဲ့အိမ်ခေါ်လာသေးတယ် အခုလည်း တောင်းပန်စကားပြောနေတာ အကြိမ်ပေါင်းမနည်းတော့ဘူး*
*ကိုယ် မင်းကိုနည်းနည်းလေးမှအထိခိုက်မခံနိုင်ဘူးငယ်ရယ်...ငယ်တစ့ခုခုဖြစ်ရင် အရင်ဆုံးကိုယ့်ကိုကိုယ်မုန်းမိမှာ*
*ကျွန်တော်ဘာမှမဖြစ်ဘူးလေ*
ဂျီမင်း၏ရေချိုးပီးခါစ စိုစွတ်နေသောဆံပင်များကိုသုတ်ပေးနေသော ယောင်းအား ဂျီမင်းပြောလိုက်တော့ ထိုလူသားဟာသက်ပြင်းယဲ့ယဲ့လေးချလိုက်လေသည်။ ဒါတင်မကသေး ကျောင်းကနေ အိမ်ကိုပြန်ရောက်တဲ့အထိ ဂျီမင်းအားမျက်လုံးချင်းမစုံသေးပေး။
တစ်ကိုယ်လုံးလည်း အအေးတွေဂျုံတွေနဲ့ညစ်ပတ်နေသောကြောင့် ဂျီမင်းလည်း ယောင်းအခန်းထဲမှာပဲ ရေချိုးကာ ယောင်း၏အင်္ကျီများကိုပင် ဝတ်ထားရသေးသည်။
*ယောင်း*
*ဟင်*
*ဘာတွေဖြစ်နေတာလဲ*
*ကိုယ်ဘာမှမဖြစ်ပါဘူး*
ယုံချင်စရာမကောင်းသောယောင်း၏စကားများကြောင့် ဂျီမင်းစိတ်ထဲမတင်မကျဖြစ်နေသေးပါသော်လည်း ထပ်၍မေးမနေတော့။ ဂျီမင်းကြောင့်ထိုလူသားစိတ်ဆင်းရဲမှာကိုမလိုလားပေ။
*အဲ့ဒါဆိုပြောပါဦး မနက်ကဘာလို့ကားဂိတ်ရောက်မလာတာလဲ*
*ကိုယ်အိပ်ရာထနောက်ကျသွားလို့ပါငယ်*
အမှန်တော့ထယ်ယောင်းတစ်ညလုံးအိပ်မနေခဲ့ပါ။...အိပ်မပျော်တာဆိုရင်ပိုမှန်ပေမည်။ ဘယ်သူကရော ကိုယ့်အဖေကအမှားတွေလုပ်နေမှန်းသိရက်နဲ့ ခြေဆန့်လက်ဆန့်အိပ်ပျော်မှာလဲ။
ငယ် မနက်ကဖုန်းလှမ်းဆက်တာကိုလည်းထယ်ယောင်း သိလျက်ပင် မကိုင်ခြင်းပေ....သူ့အတွက် အချိန်လိုအပ်သည်...ဂျောင်ကုနဲ့ငယ် နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးဖို့အတွက် ထယ်ယောင်းအချိန်လိုအပ်ပါသေးသည်။
သို့သော်လည်း လက်ရှိဖြစ်နေတဲ့ခံစားမှုကြီးကိုခနမေ့ဖျောက်ပီး ငယ့်အနောက်လိုက်လာခဲ့တာမှန်ပေသည်။....ထယ်ယောင်းသာမလိုက်လာရင် ငယ်တစ်ယောက်ထဲ သူများတွေလှောင်တာကိုခံနေရဦးမယ်မလား။
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်