Ep-17(Z/U)

3.1K 393 14
                                    

Zawgyi version,

*မင်*

*အင်း*

*ဘာတွေတွေးနေတာလဲ*

*ဟင်း....*

သက်ပြင်းတချက်ချကာ ကုတင်ခေါင်းရင်းအား မှီ၍ ထိုင်နေသော မင်ဟာဂျောင်ကုနှင့်အတူ အသွေးအသားချင်းရောနှောခဲ့တာကို နောင်တရနေတာများလား။

*မင်....ဘာဖြစ်နေတာလဲ ကျွန်တော့်ကိုပြောပြလေ*

*မင်းကို ငါ့အနားမှာခေါ်ထားရတာ မှန်ရောမှန်ရဲ့လားလို့စဉ်းစားနေတာ*

*ဘာကိုလဲဟင်*

*မင်းသာငါ့အနားမှာနေရင် ခုလိုဒဏ်ရာမျိုးထက်ဆိုးတဲ့ အရာတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲ*

မင်ဟာ နောက်ဆုံးတော့ ဂျောင်ကုကိုစိတ်ပူနေတာလား။ သိပ်ကိုမြတ်နိုးစရာအတိပါပဲ။ ချစ်ခြင်းမေတ္တာတရားဟာ သိပ်ကိုနွေးထွေးပါသည်။ သို့သော်လည်း ချစ်ခြင်းမေတ္တာကြား စိုးရိမ်ပူပန်မှုတွေဝင်လာရင်တော့ အနည်းငယ်အက်ကြောင်းရာထင်မှာပေါ့။ ထို့ကြောင့် မင်၏လက်သေးသေးလေးအား ဂျောင်ကုဆုပ်ကိုင်လျက်ပင်။

*မင် ကျွန်တော်ပြောတာနားထောင်နော်*

*အင်း*

*အရာတိုင်းက လွယ်ကူနေရင် လောကကြီးက အရမ်းသဘောကောင်းရာရောက်နေမှာပေါ့။ အဲ့ဒါကြောင့်မို့လို့ မင့်အနားနေရလို့ ကျွန်တော်ဒုက္ခရောက်မယ်ဆိုရင်တောင် မင့်အနားမှာပဲနေဖို့ ကျွန်တော်ရွေးချယ်မှာ*

*ဘာလို့လဲ*

*မင့်ကိုချစ်လို့*

ဂျောင်ကုရဲ့စကားလေးကြောင့် မင်ဟာခပ်ရေးရေးလေးပြုံးလေသည်။

ကုတင်ထက်တွင် အပေါ်ပိုင်းအဝတ်ဗလာဖြင့် အောက်ပိုင်းအားစောင်ခြုံထားပြီး ကုတင်ခေါင်းရင်းအားမှီကာထိုင်နေရင်းမှ ရုတ်တရက် ဂျီမင်းအနားမှထသွားသော ဂျောင်ကုကြောင့် အကြည့်တို့ဟာ ထိုလူသားထံတွင်ကပ်ပါသွားရသည်။

အပေါ်ပိုင်းဗလာဆိုလို့ အောက်ပိုင်းပါဗလာထင်ရင် မှားသွားပေမည်။ အတူနေပြီးပြီးချင်း ဘောင်းဘီတန်းဝတ်ခိုင်းသော ဂျီမင်းကြောင့် ဂျောင်ကုမှာ ဂျင်းဘောင်းဘီအနက်အား ဝတ်ထားသလို ဂျီမင်းလည်း style pantကိုဝတ်ထားသည်။ ​စောင်ကတော့ ခြုံချင်လို့ခြုံထားချင်းပေ။

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now