(Ep-7)Z/U

2.9K 392 9
                                    

Zawgyi Version,

*​ဆော့ဂျင်​ Hyung ​သွေးစစ်​တဲ့အ​ဖြေသိရပီလား*

*အင် ငါတို့ ​ဆေးရုံက ဆရာဝန်​တ​စ်ယောက်​က ဟန်​ဂျီမင်းရဲ့သား ဟန်​ဂွန်းနူနဲ့ ​ကျောက်​ကပ်​အမျိုးအစား တူတယ်​တဲ့*

*ဟမ်​!! ကျွန်​​တော်​​ရော ကျွန်​​တော်​က​ရော ​ကျောက်​ကပ်​အမျိုးအစားမတူဘူးလား*

*အေး မင်းနဲ့မတူဘူး။ ဒါနဲ့ကျောက်​ကပ်​အမျိုးအစားတူတဲ့ ဆရာဝန်​နဲ့​တွေ့ချင်​လား*

*​တွေ့လို့ရမလား*

*အင်း ​တွေ့လို့ရပါတယ်​*

ထို့​နောက်​ ​ဆော့ဂျင်​Hyung​ခေါ်သွားရာအ​နောက်​သို့လိုက်​ပီး ​ကျောက်​ကပ်​အမျိုးအစားတူသည့်​ ဆရာဝန်​နှင့်​​တွေ့ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ညှိလို့ရရင်ညှိရမယ်။

*​ဒေါက်​....​ဒေါက်​....​ဒေါက်​*

*၀င်​လာခဲ့ပါ*

*စီနီယာ*

*အော် ​ဆော့ဂျင်​ ဘာကိစ္စလဲ*

*မဟုတ်​ပါဘူး ကျွန်​​တော့်အသိညီ​လေးတ​ယောက်​က စီနီယာနဲ့စကား​ပြောချင်​လို့ အချိန်​ရလားမသိဘူး*

*အင်း နာရီဝက်​​လောက်​ရပါတယ်​*

*အဲ့ဒါဆိုရင်​ ​ဂျောင်​ကု စကား​ပြောကြ​နော်​ Hyungအခန်းထဲမှာ​စောင့်​​နေမယ်​*

*ဟုတ်ကဲ့Hyung*

*စီနီယာ သွားပီ​နော်​*

*​အေး​အေး*

ဆော့ဂျင်​Hyungက အလိုက်​သိစွာ ​ရှောင်​​ပေး​သော​ကြောင့်​ ထိုဆရာဝန်​နှင့်​​ဂျောင်​ကုသာ အခန်းထဲတွင်​ကျန်​ခဲ့သည်​။ ဘယ်ကစပြီးမိတ်ဆက်ရမလဲမသိသောကြောင့် လေထုဟာအနည်းငယ်အေးစက်နေ၏။

*ထိုင်​ပါဦးခင်​ဗျ*

*ဟုတ်ကဲ့*

*ဘာကိစ္စရှိလို​လည်းမသိဘူး ဟို ကျွန်​​တော်​က အရိုးအထူးကုဆို​တော့ ဒီဘက်​ကညီ​လေးမှာ အရိုးနဲ့ပတ်​သတ်​တဲ့ problemများရှိ​နေလို့လား*

*မဟုတ်​ပါဘူး ကျွန်​​တော်​ဘာ​ရောဂါမှမရှိပါဘူး အခုလာရင်းကိစ္စက ဒီဘက်​က အကိုက ဟန်​ဂျီမင်းရဲ့သား ဟန်​ဂွန်းနူအတွက်​​ကျောက်​ကပ်​အစားထိုးဖို့ ကိုက်​ညီတဲ့လူဆိုလို့လာ​တွေ့တာပါ*

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now