Zawgyi version,
လွန်ခဲ့သော ငါးနှစ်ခန့်က...
အတန်းသားများ၏ စကားသံဖြင့် ဆူညံနေသည့် စာသင်ခန်းတွင် ဆရာမဝင်လာသည်ကိုတောင် အရေးမလုပ်ခဲ့ကြ....
*ဒုန်း....ဒုန်း....ဒုန်း*
ဆရာမတစ်ယောက်လုံးကိုတောင် အရေးမစိုက်သည့် ကျောင်းသားများ၏ စကားသံငြိမ်ကျသွားအောင် whiteboardအား လက်ဖြင့်ရိုက်လိုက်တော့မှ ငြိမ်သွားလေရဲ့....
*ကဲ အားလုံးကို ဒီနေ့တီချယ် အတန်းသားအသစ်နဲ့မိတ်ဆက်ပေးစရာရှိတယ် သူက တီချယ်တို့ကျောင်းကို scholarshipနဲ့ ဝင်လာတဲ့သူ....*
ဆရာမကသာ အားကြိုးမာန်တက် ပြောနေပါသော်လည်း ကျောင်းသားများက ဂရုမစိုက်ကြပေ....ထိုဂရုမစိုက်သည့် ကျောင်းသားများထဲတွင် ထယ်ယောင်းလည်းပါပေသည်....
*သား ဝင်လာခဲ့လေ*
ဆရာမ၏ခေါ်သံကြောင့် အတန်းထဲသို့ဝင်လာသောလူသားအား မည်သူမျှအရေးမလုပ်ကြသော်လည်း ထယ်ယောင်း၏အမြင်အာရုံအလုံးစုံကိုတော့ ထိုကောင်လေးဟာပြုစားသွားလေသည်။
ခေါင်းစွပ် ဆွယ်တာအစိမ်းလေးအား ဂျင်းအနက်ဖြင့်တွဲဝတ်ထားသော လူသားလေးဟာ အမှန်တိုင်းပြောရရင် လူကောင်သေးသေးလေးမို့လို့ဘအလယ်တန်းကျောင်သူပမာ။
*အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ် ပတ်ခ်ဂျီမင်းလို့ခေါ်ပါတယ် ရှေ့လျှောက်ခင်မင်ကြရအောင်*
ဂျီမင်းဘက်က နှုတ်ဆက်လိုက်ပါသော်လည်း တစ်ယောက်မှ အရေးမစိုက်ကြပဲ လုပ်ချင်တာလုပ်နေကြ၏.....ဒါဟာ ဒီအတန်း၏အထာတွေပင်။ ဆရာမကိုတောင်အရေးမထားတာ ဂျီမင်ူလိုကျောင်းသားမျိုးဆိုပိုဆိုးပေါ့။
ထိုချိန် ဦးဆုံးထွက်လာသည့် လက်ခုပ်သံ...
*ဖြောင်း....ဖြောင်း....ဖြောင်း*
လက်ခုပ်အသံလာရာကို ဂျီမင်းကြည့်လိုက်တော့ မီးခိုးရောင်လက်ရှည်ကို ခါးထဲထည့်ဝတ်ကာ ဂျီမင်းအားရယ်ပြနေသောလူသား....
*ကြိုဆိုပါတယ် ပတ်ခ်ဂျီမင်း*
ထယ်ယောင်း၏အပြုအမူကြောင့် ဘေးတွင်ရှိသော ဟိုဆော့ပါ မယုံနိုင်ဖြစ်ခဲ့ရ၏.....ကင်မ်ထယ်ယောင်းဆိုသည်မှာ ခုလို ကျောင်းသားအသစ်တိုင်းကို လက်ခုပ်တီးပီးကြိုဆိုဖို့မပြောနဲ့ စကားတောင် မပြောဖူးတဲ့သူပင်.....
YOU ARE READING
နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/U
Fanfictionနွံဆိုရင် နုန်းမြေနွံကအစ ဘ၀နွံအဆုံး အကုန်ကြောက်တယ် နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်