Ep-13(Z/U)

2.9K 404 11
                                    

Zawgyi version,

တိတ်ဆိတ်နေသော ကားပေါ်ထက်ဝယ် ကောင်လေးနှစ်ယောက်ရဲ့အတွေးတွေဟာလည်းပျံ့နှံလျက်။ ညချမ်းလေအေးလေးဟာလည်း ကားထဲသို့တိုးဝင်လာကာ သိပ်ကိုဆွေးမြေ့စရာ။

*တောင်းပန်ပါတယ်*

*. .....*

*တောင်းပန်ပါတယ် စောနက ကျွန်တော့်ခံစားချက်ကိုပဲတွေးပီး မင့်ဘက်ကိုထည့်မတွေးမိခဲ့လို့ ပီးတော့ မင်ပြောသလိုပဲလုပ်ပါ့မယ် အိမ်တော်ပြန်ရောက်ရင် မင်ရဲ့ကိုယ်ရံတော်အဖြစ်နဲ့ပဲနေပါ့မယ် တခြားခံစားချက်တွေကို တက်နိုင်သလောက်ဖျောက်ပေးပါ့မယ် အဲ့အစား နှစ်ယောက်ထဲရှိတဲ့အချိန်တော့ မင်လို့ခေါ်ခွင့်ပေးပါ*

*အင်း.....*

ဂျောင်ကုဘက်က စိတ်ကိုလျှော့ချကာ တောင်းပန်ခဲ့ပါသော်လည်း မင့်ဘက်က "အင်း"တစ်လုံးထဲပဲပြန်ဖြေသောကြောင့် မင်တော်တော်စိတ်တိုသွားတာသေချာပေသည်။

ထိုချိန် ရုတ်တရက်ထိုးရပ်သွားသောကားလေး....ပြီးနောက် မပြောမဆို ကားပေါ်က ဆင်းသွားသောမင်.....ဂျောင်ကု ကြောင်ပီးမင့်ကိုကြည့်နေတုန်း 24hours mini storeလေးထဲဝင်သွားလေသည်။

ဂျောင်ကုလည်း မင်အနောက်သို့လိုက်မသွားတော့ပဲကားပေါ်ကသာစောင့်နေလိုက်သည်။ မင်လည်းသူနဲ့မျက်နှာချင်းဆိုင်ရတာ သည်းမခံနိုင်လွန်းလို့ခုလို ခနရှောင်ထွက်သွားတာပဲဖြစ်မည်။

ထို့ကြောင့် ကားခုံအနောက်သို့မှီရင်း မျက်လုံးများမှိတ်ထားလိုက်သည်။ သို့သော်လည်း အလိုက်ကန်းဆိုးမသိစွာ စီးကျလာသောမျက်ရည်များ။ နားထဲတွင်လည်း နမ်ဂျွန်းHyungပြောတာကိုပြန်ကြားယောင်လာရ၏။

"မင်းကဟန်ဂျီမင်းကိုကြိုက်တယ်ပဲထား ဟိုကမင်းကို သူ့အိမ်ကပုရွက်ဆိတ်လောက်တောင်တန်ဖိုးထားမှာမဟုတ်ဘူး" တဲ့လေ။ တနဖိုးအထားမခံရလည်းနေပါစေ အဓိကကသူ့အချစ်တွေကို မင်သိထားဖို့ပါပဲ။

ထိုချိန် ကားတံခါးဖွင့်ပီး ကားပေါ်သို့တက်လာသော မင်ဟာ လက်ထဲတွင်လည်း အထုတ်လေးတစ်ထုတ်ပါလာသည်။

*ရော့ မင်းလက်ကပိုရောင်လာတယ် အဆောင်ရောက်မှဆေးလိမ်းရင် ပိုကြာပီး ပိုရောင်လာလိမ့်မယ် အခုဆေးလိမ်းထားလိုက်*

 နွံ(ဆွဲငင်ခြင်း၏ခြေရာ) Z/UWhere stories live. Discover now