07 [ Sayonara ]

455 56 8
                                    

{ UNICODE }

🎶 Song of the Day : STAY by BLACKPINK 🤍

【 "ဂွတ်ဘိုင်" ဆိုတဲ့စကားလုံး​လေးရဲ့
အ​ဝေးဆုံးတစ်​နေရာမှာပဲ
ဆုံ​တွေ့ကြရ​အောင်ကွယ်... 】

☝️ (Note: Kimi no Na wa ၏ Soundtrack ဖြစ်​သော RADWIMPS တီးခတ်သီဆို​ပေးထားသည့် Sparkle သီချင်းမှ 《「さようなら」から一番遠い場所で待ち合わせよう 》 ကို ဘာသာပြန်ဆို​ပေးထားခြင်းဖြစ်ပါ​ကြောင်း...) ☝️

တစ်နှစ်နီးပါး ချည်​နှောင်ထားခဲ့မိသည့် သံ​ယောဇဥ်​နှောင်ကြိုး​လေးကို ကတ်​ကြေးနှင့်တိခနဲဖြတ်လိုက်သလို ပြတ်​သွား​စေဖို့က တစ်ညတည်းပါ။ သူ့နှုတ်မှ​ပြောသမျှကို ​ခေါင်းငြိမ့်နာခံ​ပြီး ​ပေးခဲ့သည့်ကတိစကားတိုင်းကိုလည်း ရင်ထဲထိ သိမ်းဆည်းထားမိသည့် ယွန်းအတွက် ထိုညက​တော့ ပြန်ကိုမစဥ်းစားကြည့်ချင်​သော အဆိုးရွားဆုံးညတစ်​ည​ပေါ့။

ခြေ​နှစ်​ချောင်းဖြင့်နင်း​နေခဲ့​သော စက်ဘီးလေးတစ်စီး ​ပြေးလွှား​နေခဲ့သည်မှာ ​​မော်​တော်​ဆိုင်ကယ်များနှင့်အပြိုင်။ မျက်ဝန်းအိမ်တွင် တွဲ​လောင်းခိုနေသည့် မျက်ရည်စများဟာလည်း ​လေအရှိန်ဖြင့်​ခြောက်ချိန်​တောင်မရဘဲ အသစ်အသစ်များ​နေရာယူလာကြပြန်၏။

"​စာ​​မေးပွဲ​တွေလည်း မနက်ဖြန်ပြီးပြီဆို​တော့ ကမ်းနားသွားရ​အောင်... ယွန်းအတွက် Surprise အကြီးစားကြီးပြင်ထားတယ်... ​မျှော်​နေ​နော်"

မ​နေ့က ​ကျောင်းထဲမှာ သူ​ပြောခဲ့သည့်စကား​လေးများဟာ နားထဲပဲ့တင်ထပ်​နေလျက် ယွန်း​ရှေ့မှာပဲ​တွေ့ရသည့် နှုတ်ခမ်းပါး​လေးမှသူ့အပြုံးကိုလည်း ဆိုင်ကယ်မီးများအား​ကျော်လွန်၍ မြင်​ယောင်​နေမိသည်။

နိုဝင်ဘာလမှာကျ​ရောက်သည့်သူ့​မွေး​နေ့ကို အချိန်လွန်မှ ​ပေးသိတုန်းက ယွန်း အရမ်းစိတ်ဆိုး​နေခဲ့​တော့ ထိုအချိန်က သူ ကတိတစ်ခု​ပေးခဲ့​သေး၏။ "စာ​မေးပွဲ​နောက်ဆုံးရက်ကို မမ​မွေး​နေ့လို့သ​ဘောထားပြီး ယွန်းလည်း မမကို ​မွေး​​နေ့လက်​ဆောင်​ပေး၊ မမလည်း ယွန်းအတွက် အမှတ်တရတစ်ခုလုပ်​ပေးမယ်" ဆိုပြီး တိကျပြတ်သားသည့်အကြည့်များဖြင့် ​ဆိုခဲ့သည့်သူ့စကား။

Enchantingly Knotted by You [ GL ]Where stories live. Discover now