12

435 49 5
                                    

{UNICODE}

​​🎶 Song of the Day : What I Like About You by Jonas Blue, ft. Theresa Rex 🤍

【 Iɴ ᴀ ʀᴏᴏᴍ ғᴜʟʟ ᴏғ ᴀʀᴛ,
I ᴡᴏᴜʟᴅ sᴛɪʟʟ sᴛᴀʀᴇ ᴀᴛ ʏᴏᴜ. 】
(ᴀ ǫᴜᴏᴛᴇ ʙʏ ᴀɴᴏɴʏᴍᴏᴜs)

လေးပင်​နေသည့်မျက်လုံးများကိုဖွင့်ဖို့ရာ သိပ်အားယူ​နေရ၏။ တဖြည်းဖြည်းနှင့်ပွင့်လာ​သော မျက်လုံးများဟာ အလင်း​ရောင်ကို ဦးစွာရှာမိသည်။ ခါတိုင်း​နေ့ရက်များလို စူးလွန်းလှသည့် ​နေ​ရောင်ခြည်ကို မမြင်မိတာနှင့် ပြန်စဥ်းစားကြည့်ရာ မမအိပ်ခန်းတွင် ​ရောက်​နေမှန်း အလန့်တကြားဖြင့် သတိထားလိုက်မိသည်။

သူ့အခန်းထဲမှာ​ရောက်​နေသည် ဆို​သော အချက်နှင့်တင် မျက်လုံးများဟာ အိပ်မှုန်စုံမွှားဖြစ်​မနေ​တော့ဘဲ ​ဘေးမှာရှိ​နေရမည့်သူကို ဦးစွာရှာမိသည်။ သို့​သော် လွတ်ဟာ​နေ​သော ​​နေရာကိုသာ ​​တွေ့ရ၏။ လှဲ​နေရာမှ ထထိုင်လိုက်ရင်း အခန်းတဝိုက် မျက်လုံးကစားကာ ​ဝေ့ဝိုက်ရှာ​ပေမယ့်လည်း ​မ​တွေ့ရ။ ​ရေချိုးခန်းတံခါး​​ကို ခေါက်ကြည့်ရာတွင်လည်း ဘာသံမှထွက်မလာပြန်။

မမအိပ်ခန်းက​နေ ထွက်လာပြီး မီးဖိုဘက် တစ်ချက်လှည်ကြည့်လိုက်သည်။ ထို့​နောက် ​ဧည့်ခန်းကို လှမ်းကြည့်​တော့လည်း ရှာ​နေသူမှာ မရှိ​ပေဘူး။ ​ရုတ်ချည်းပင် အေးစိမ့်လှသည့်​လေ​အေးကြီးများဟာ ကိုယ်ကို ရှပ်ထိသွား၏။ ဘယ်ဘက်သို့ ​ခေါင်းလှည့်လိုက်ချိန် ယွန်း မျက်လုံးများမှာ ပြူးဝိုင်းသွား​တော့သည်။

​ဝရံတာလက်ရန်းကို မှီရပ်ရင်း ​ယွန်းအား ကျော​ပေးထား​သည့်အတွက် သူ့မျက်နှာကို မမြင်ရ​ပေမယ့် မှုတ်ထုတ်​နေဟန်ရှိ​သော အခိုးအ​​ငွေ့များက​တော့ ယွန်းကို မျက်​မှောင်ကုပ်သွား​စေ​တော့သည်။

ယွန်း : ထပ်ပြီး ​နေမ​ကောင်းဖြစ်ချင်​နေတာလား

ဖြိုး : ဪ... ယွန်း နိုးလာပြီပဲ

​အေးစက်လှ​သော ​လေစိမ်း​​တွေအကြား တီရှပ်လက်တို​လေးသာ ဝတ်ထားလျက် ပြုံးရယ်ကာ နှုတ်ဆက်​နေ​​သော်ငြား မျက်လုံးများဟာ အသက်မပါသလိုပင်။ မမမှာ ​ခေါင်း​လေးသာ လှည့်ထား​ပြီး ယွန်းက​တော့ ဝရန်တာလက်ရန်း​​ပေါ်တွင် တင်ထား​သည့် သူ့ညာဘက်လက်မှ စီးကရက်တို​လေးကို စိုက်ကြည့်​နေမိ​၏။ နိုးလာလာချင်း ​ရေအရင်​သောက်ရမည့်အစား ဘာမဟုတ်သည့် ဒီစီးကရက်ကို ပါးစပ်ထဲထည့်​နေသည်မှာ ​နေမ​ကောင်းသည့်လူတစ်​ယောက် လုပ်ရမည့်အပြုအမူဟုတ်ပါသလား။

Enchantingly Knotted by You [ GL ]Onde histórias criam vida. Descubra agora