15 [ Her ]

401 34 12
                                    

{ UNICODE }

🎶 Song of the Day : For You by Lee Hi, ft. Crush 🤍

【 Dɪᴅ ʏᴏᴜ ᴍɪss ᴍᴇ
Eɴᴏᴜɢʜ ᴛᴏ ᴅʀɪɴᴋ
Oʀ ᴅɪᴅ ʏᴏᴜ ᴅʀɪɴᴋ
Eɴᴏᴜɢʜ ᴛᴏ ᴍɪss ᴍᴇ? 】
- Lʏʀɪᴄs ғʀᴏᴍ Lᴏɴᴅᴏɴ ʙʏ Kᴀᴀsʜ Pᴀɪɢᴇ -

ပူစပ်စပ်ရာသီဥတုကြားထဲမှာပင် လက်ဖျားများအေးစက်ရလောက်အောင်အထိ ယွန်း အရမ်းရင်တုန်နေသည်။ ဒါပေမဲ့လည်း လေပူများကို ပါးစပ်ကမှုတ်ထုတ်လိုက်ရင်း စိတ်ကို ပြန်တင်းလိုက်၏။ လှေကားပေါ်ခြေလှမ်းပြင်နေစဉ်မှာပင် ယွန်းနာမည်ကို လှမ်းခေါ်လိုက်သံကြောင့် အလန့်တကြားဖြင့် ကြည့်လိုက်ရာ...

ရှားလဲ့ : ယွန်း မြန်သားပဲ... လာ လာ

လက်ယပ်ခေါ်နေသူထံ ခပ်မြန်မြန်ကပ်သွားလိုက်ပြီး သူဦးဆောင်ရာနောက်သို့ လိုက်ကာ အခန်းတွင်း ခြေချလိုက်သည်။ အေးစိမ့်နေသည့် လေအေးကြီးများက ဆီးကြိုနေပြီး ကျယ်လောင်လှသော သီချင်းသံများက နားထဲ အနှောင့်အယှက်ဖြစ်လောက်အောင် ဆူဆူညံညံကြီး တိုးဝင်လာကြ၏။ တဖျတ်ဖျတ်မီးအလင်းရောင်တွေ၊ ဆူဆူညံညံတီးလုံးသံတွေ၊ ရှေ့သို့လှမ်းလိုက်တိုင်း နှာခေါင်းထဲဝင်လာသော ရောပြွမ်းနေသည့် ရေမွှေးနံ့စူးစူးတွေ...။ ခေါင်းမူးပြီး အန်ချင်စိတ်ကို လက်သီးကျစ်ကျစ်ဆုပ်ရင်း မနည်းသည်းခံထားရသည်။

တဖြည်းဖြည်းနှင့် သီချင်းသံများ တိုးသွားလျက် မျက်စိအနှောင့်အယှက်ဖြစ်လောက်သည့် မီးအလင်းရောင်တွေကြောင့် တဖျတ်ဖျတ်ခတ်နေမိသည့် မျက်တောင်များဟာ လှုပ်ရှားမှုရပ်သွားပြီး မြင်ကွင်းထဲရောက်လာသူကို တွေဝေကြည့်နေမိသည်။ Bar counter ၌ ကိုယ်ကိုမှီကာ လက်ဖဝါးပေါ် မေးတင်ရင်း ကျန်လက်တစ်ဖက်ကတော့ အရက်ခွက်ကို ရမ်းကာ ကစားနေလျက် ရီဝေနေသာ မျက်ဝန်းများဖြင့် ကြည့်နေလေသည်။ ထိုမျက်ဝန်းများ၏လားရာကတော့ ယွန်းထံတွင် မဟုတ်ခဲ့။

သူ့ဘေးမှ မိန်းကလေးတစ်ယောက်ကို စူးစိုက်ကြည့်နေပြီး နားထဲသို့ ကပ်ကာ တစ်ခုခုပြောလိုက်ပုံရသည်။ ထိုမြင်ကွင်းက ယွန်းရင်ထဲ မီးတောက်ကြီးတစ်ခုကို ပစ်ထည့်ပေးလိုက်သည့်အလား စိတ်တိုဒေါသထွက်မှုကြောင့် အံကြိတ်လိုက်၏။ သူ့ကိုချစ်သည့်စိတ်နှင့်တောင် ဒီနှလုံးသားကြီးက နေသားမကျသေးတာ သူ့အနားရှိ မိန်းကလေးတစ်ယောက်ကို သဝန်တိုနေရသည်မှာ ယွန်းအတွက် အစိမ်းသက်သက်ကြီးပင်။

Enchantingly Knotted by You [ GL ]Donde viven las historias. Descúbrelo ahora