01 [ အတိတ်နှင့် ပြေးတမ်းလိုက်တမ်း ]

2.3K 64 17
                                    

{ UNICODE }

🎶 Song of the Day : Dancing With Your Ghost by Sasha Sloan 🤍

သတိရတယ်ဆိုတဲ့စကားလုံးက
လူကို ရည်ညွှန်းတာမဟုတ်ဘဲ
အမှတ်တရ​တွေများလား...
ဒါဆို အမှတ်တရ​တွေကိုသာ ​မေ့နိုင်ခဲ့ရင်
သူ့ကိုလည်း ​မေ့ပစ်နိုင်ပြီလား...

"မမလေ ယွန်းကို ဘယ်တော့မှထားမသွားဘူး သိလား..."

"Umm... မမကတော့နော်... ရုတ်တရက်ကြီး ဘာတွေပြောနေတာတုန်း..."

"တကယ်ပြောနေတာ ယွန်းရဲ့... မမနဲ့ယွန်းတို့နှစ်ယောက်ကြားမှာပဲရှိတဲ့ကတိလို့မှတ်ထားလိုက်... မမအနားမှာ ဒီလိုလေးသာ အမြဲတမ်းအတူတူရှိနေပေး"

"အမြဲတမ်းတဲ့လား မမရယ်... အမြဲတမ်းဆိုတာ ကာလအရှည်ကြီးနော်"

"ဒါကြောင့်ပဲ မမအနားမှာပဲနေလို့ပြောတာပေါ့"

*

*

*

< ကလင် ကလင် ကလင် >

မျက်ရည်များစို့နေသောမျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ပထမဆုံးမြင်ရသည်က ခေါင်းရင်းပြတင်းပေါက်မှတိုးဝင်လာသည့် နေရောင်ခြည်ပင်။ မျက်လုံးများကိုပွတ်ကာ ခုတင်ဘေးရှိ စားပွဲခုံပေါ်က နာရီကို ကြည့်လိုက်တော့ ၀၆:၄၅။ အအိပ်မက်သူဆို​​တော့ စားပွဲတင်နာရီတစ်ခုတည်းနှင့်မရ၊ ဖုန်းမှာပါ Alarm ​ပေးထားမိ​တော့ တစ်ခါထပ်ပိတ်ရင်း ရက်စွဲကိုပါ အာရုံ​ရောက်သွားသည်။

11/01/2019 (Fri)

ဟူး... ဆိုပြီး သက်ပြင်းလေးချကာ အတွေးစများကတော့ အိမ်မက်ကမ္ဘာထဲတွင်သာ ကျန်ရစ်နေခဲ့လေသည်။ လွန်လေသောနှစ်များစွာက ဖြစ်ရပ်ကြီးက အခုချိန်ထိ နောက်ကလိုက်နေမယ်လို့ ဘယ်သူကထင်ထားမိမှာလဲ။

နောက်ဆုံးတော့လည်း ထုံးစံအတိုင်း "တော်ပါကွာ" ဟူ၍သာ အတွေးခရီးက ရပ်တန့်သွားသည်ချည်းပင်။ လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ရင်း အတွေးစများကိုဖြတ်တောက်ကာ အိပ်ရာမှထပြီး ကျောင်းသွားရန်သာ ပြင်လိုက်တော့သည်။

Enchantingly Knotted by You [ GL ]Opowieści tętniące życiem. Odkryj je teraz