(Note : တစ်ခုကြိုပြောချင်ပါတယ်... မြတ်သူစိုးဆိုတဲ့နာမည်ကို အရင် Chapter တွေမှာ ပြောဖူးပါတယ်... သတိထားမိသူတွေလည်း ရှိနိုင်ပေမယ့် မမှတ်မိဘူးဆိုရင် Ch 03 ရဲ့ ဖြိုး သူတို့ခြံထဲမှာ သီချင်းနားထောင်နေတဲ့ Scene လေးရယ် Ch 06 ရဲ့ ဦးဘဖြိုး pov မှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်နော် ^^)
{ UNICODE }
🎶 Song of the Day : Invisible Chains by Lauren Jauregui 🤍
【 တဖြည်းဖြည်းနဲ့
ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးလာတဲ့နေ့တွေရဲ့အဆုံးမှာ
ငါဆိုတာ ရှိနေဦးပါ့မလား... 】မတ်လ (၂၄) ရက်၊ ၂၀၁၄ ခုနှစ် (လွန်ခဲ့သော ၆ နှစ်အလိုသို့...)
အရာအားလုံးက ဆိတ်ငြိမ်လွန်းနေသည်။ တစ်ခုကလွဲပြီးပေါ့...။ ရင်ဘတ်ထဲက နှလုံးခုန်သံတွေဟာ နားစည်ထဲထိ တက်လာကြရင်း စည်တော်ကြီးတီးနေသယောင်ပင်။ နောက်ဆုံးတော့ ဒီနေ့ရောက်လာပြီပဲ။
ပြတင်းပေါက်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ရာ ကားတစ်စီး ခြံထဲဝင်လာတာ မြင်လိုက်ရသည်။ တစ်နေ့လုံးမှာ ပထမဆုံးအကြိမ်အဖြစ် အတောက်ပဆုံးအပြုံးတစ်ခုက မျက်နှာထက်ရောက်ရှိလာပြီး အခန်းပြင်ထွက်ကာ လှေကားထစ်များမှတစ်ဆင့် အောက်သို့ အပြေးဆင်းလာလိုက်သည်။
ဖြိုး : ဦးတေ... ဦးတေ... ကားအားပြီလား?
ဦးတေ : အားပါပြီ သမီးရဲ့... သွားစရာရှိလို့လား?
ဖြိုး : မဟုတ်ဘူး... ယွန်းကို သွားကြိုခိုင်းမလို့
ယွန်းကို (၅) နာရီခွဲမတိုင်ခင် သူ့အိမ်ထံ သွားကြိုရမည်ဖြစ်ကြောင်း၊ ပြီးတာနှင့် ကမ်းနားက ဖြိုးအကြိုက်ဆုံး အကင်ဆိုင်နားတွင် ချပေးရမည်ဖြစ်ကြောင်း ဦးတေကို မှာလိုက်သည်။ ဒါဆို ဖြိုးကိုယ်တိုင် ဘာလို့ သွားမကြိုတာလဲလို့ မေးကြမှာပေါ့။ လျှို့ဝှက်ချက်ဆိုတာ ထုတ်ပြောလိုက်ရင် ဘယ်ပျော်ဖို့ကောင်းတော့မလဲ။ ယွန်းအတွက် Surprise လေးတစ်ခု ပြင်ဆင်ထားတာကိုတော့ သိထားကြပြီးသားနေမှာပါ။
ကိုယ့်အကြံနှင့်ကိုယ် ကျေနပ်အားရစွာ ပြုံးနေသူ ဖြိုးကို ဦးတေကတော့ နားမလည်နိုင်ဘဲ ကြည့်နေလေသည်။ ထိုအပြုံးလေး ကြာရှည်မခံလိုက်ပါဘူး။ မီးဖိုထဲကနေ ဒေါ်မြက အသံကျယ်ကြီးဖြင့် လှမ်းအော်နေသည်လေ။
YOU ARE READING
Enchantingly Knotted by You [ GL ]