{ UNICODE }
🎶 Song of the Day : Love Song by Lana Del Rey 🤍
【 Cᴏʟʟᴀᴘsᴇ ɪɴᴛᴏ ᴍᴇ.
Jᴜsᴛ ᴏɴᴄᴇ.
I ᴘʀᴏᴍɪsᴇ
ʏᴏᴜ'ʟʟ ɴᴇᴠᴇʀ ʜᴀᴠᴇ ᴛᴏ
ғᴀʟʟ ᴀɢᴀɪɴ. 】
- ᴘᴇʀʀʏ ᴘᴏᴇᴛʀʏ -ဒီအချိန်ထက်ဆိုးတာ ရှိပါဦးမလား ဟု တွေးနေမိသည်။ ရင်ထဲက မွန်းကြပ်လာမှုတွေကို မျက်စိနှစ်ဖက်အား စုံမှိတ်ချရင်းသာပဲ နှင်ထုတ်နေရ၏။
×× Dream a dream, here's a scene ××
×× Touch me anywhere 'cause I'm your baby ××
×× Grab my waist, don't waste any part ××
×× I believe that you see me for who I am ××
BGM ကအစ အကူအညီမပေးသည့် ယွန်းကို တစ်ယောက်ယောက်ကများ လာမဖေးမပေးနိုင်ဘူးလား။ ဟင့်အင်း... တစ်ယောက်ယောက် မဟုတ်ဘူး။ မမပဲ... ဒီဟာကွက်ကြီးကို ဖြည့်ပေးနိုင်တာ သူကလွဲပြီး... မမကလွဲပြီး ရှိနိုင်တော့မှာမဟုတ်ဘူး ထင်ပါရဲ့။
ယွန်းရင်ထဲက လှုပ်ရှားသက်ဝင်နေသည့် အစိတ်အပိုင်းတွေအကုန်လုံး မမလက်ထဲမှာပင် ရှိသည်။ အားလုံးကို သူ ခြယ်လှယ်နိုင်သည်။ ဒီစိတ်ကအစ ဒီခန္ဓာအထိ...။ ဒါကို သူ သိရက်သားနှင့် ဘာလို့များ...။
မျက်ရည်တွေ စီးကျလာရအောင်အထိတော့ ကိုယ့်စိတ်ကို အောက်ဆုံးအရောက်မခံနိုင်သေး၍ မျက်တောင်များ၏အကူအညီဖြင့်သာ တောင့်ခံထားနေရသော်လည်း ဘယ်အချိန်ထိလဲ ဆိုတာတော့ ဖြေဖို့ ခက်လှသား။
×× Baby, it's the best, pass the test ××
×× And yes, now I'm here with you and I ××
×× Would like to think that you would stick around ××
×× You know that I'd just die to make you proud ××
အအေးရှိန်ကလည်း ယွန်းကို တော်လှန်နေသည်။ လက်နှစ်ဖက်ကို ကျစ်ကျစ်ပိုက်ရင်း ကိုယ်ကို နွေးအောင် လုပ်တော့ လက်နွေးနွေးလေးတစ်ဖက်ဟာ လက်ပိုက်ထားရာမှ ပေါ်နေသည့် ယွန်းညာဘက်လက်ပေါ် အုပ်မိုးလာသည်။ ထိုအထိအတွေ့လေးကပဲ ရင်ထဲမှာ ကဆုန်ပေါက်ပြေးနေသည့် မြင်းလေးအား ငြိမ်ကျသွားစေတော့၏။
YOU ARE READING
Enchantingly Knotted by You [ GL ]