{ UNICODE }
🎶 Song of the Day : November Song by Yerin Baek 🤍
【 ခါးသက်သက် မင်းအတွက်
အေးစက်စက် အမေရိကာနိုတစ်ခွက်
ပြီးတော့ ဒီရင်ထဲက ပန်းလေးတစ်ခက် 】နေ့တာတွေက ရှည်လာသည်။ လူ့အသက်တွေမှာ တိုလာသည်။
ဟိုဟိုဒီဒီဝေ့ကြည့်လိုက်တိုင်းမှာလည်း သူစိမ်းမျက်နှာတွေပဲ မြင်နေရ၏။ မန္တလေးက အိမ်ရာစီမံကိန်းအတွက် မြေနေရာလာကြည့်ရင်းကနေ အဖေ့မိတ်ဆွေတစ်ဦး၏နာရေးနှင့် တိုက်ဆိုင်နေရာ ကျွန်မပါ အဖေနှင့်အတူ လိုက်ပါလာခြင်းပင်။
ရှိုက်ငိုသံများနှင့် ပြည့်နေသည့် ဧည့်ခန်းလေးထဲတွင် ထိုင်နေရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရှိလှသည်နှင့် ဆင်ဝင်အောက်ထွက်လာလိုက်တော့ ခြံထဲ၌ ကားအမျိုးအစားမျိုးစုံဖြင့် ပြည့်နှက်နေတော့သည်။ ဘယ်သူဘယ်ဝါဆိုပြီး မသိကျွမ်းလိုက်ရပေမယ့် ဆုံးသွားသည့် ဦးလေးကြီးမှာ မိတ်ဆွေသင်္ဂဟပေါများပုံရ၏။
ခပ်လှမ်းလှမ်းမှ အရိပ်အာဝါသကောင်းသော သစ်ပင်ကြီး၏အောက်တွင် အဖေက အသက်ခပ်လတ်လတ် ဦးလေးကြီးတစ်ယောက်နှင့် စကားကောင်းနေဆဲပင်။ ကျွန်မထွက်လာတာကို လှမ်းမြင်သွားသော အဖေမှာ လက်ယပ်ကာ ခေါ်နေလေ၍ အနီးသို့ သွားလိုက်သည်။
ဦးသက်လွင် : ဘုန်း... သမီး... လာ လာ... အရင်တစ်ခါ ဒီကို လပိုင်းလောက်လာရသေးတာ မှတ်မိတယ်မလား... အဲဒီတုန်းက အဖေ့ကို ကူညီပေးတဲ့ ရှေ့နေ ဦးအောင်ဖြိုးလေ
အပေါ်မှာပြောပြခဲ့သည့် မြေနေရာနှင့်ပတ်သတ်၍ စာချုပ်ကိစ္စအား ကူညီပေးခဲ့သူ ရှေ့နေကို ဆိုလိုခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည့်အတွက် ခပ်ပြုံးပြုံးပင် နှုတ်ဆက်မိလိုက်သည်။
လေးထောင့်သဏ္ဍာန်မျက်မှန်ကိုင်းက ထိုဦးလေး၏ မျက်ခုံးမျက်လုံးကောင်းကောင်းများကို ဖုံးမထားနိုင်ပေ။ ရုပ်တည်နေရင် ခက်ထန်သယောင်ရှိသော်လည်း ပြုံးရယ်နေခိုက်မှာတော့ သဘောကောင်းဟန်ရလေသည်။
အဖေကလည်း ကျွန်မကို တန်ပြန်မိတ်ဆက်ပေးပြီးနောက် ဟိုဟိုဒီဒီစကားစရှာရင်း ပြောနေခိုက် ဆုံးသွားသည့်ဦးလေးကြီး၏ အမျိုးသမီးဖြစ်သူအား သွားနှုတ်ဆက်လိုက်မည်ဟု ဆိုကာ အဖေက အိမ်ထဲ ပြန်ဝင်သွားခဲ့သည်။
YOU ARE READING
Enchantingly Knotted by You [ GL ]