11 [ သော်တာ ]

464 43 3
                                    

{ UNICODE }

🎶 Song of the Day : Here I am by Jo Hyun Ah 🤍

【 Rᴇᴀʟ ʟᴏᴠᴇ
ɪs ᴡʜᴇɴ ʏᴏᴜ ᴄᴀɴ'ᴛ ᴇxɪsᴛ ᴡɪᴛʜᴏᴜᴛ sᴏᴍᴇᴏɴᴇ,
ᴡʜᴇɴ ʏᴏᴜ'ᴅ ʀᴀᴛʜᴇʀ ᴅɪᴇ ᴛʜᴀɴ ʙᴇ ᴀᴘᴀʀᴛ,
ᴀɴᴅ ᴛʜᴇ ᴡʜᴏʟᴇ ᴡᴏʀʟᴅ ɢᴏᴇs ᴅᴀʀᴋ,
ᴀɴᴅ ɴᴏᴛʜɪɴɢ ᴇʟsᴇ ᴍᴀᴛᴛᴇʀs
ʙᴜᴛ ᴛʜᴇ ᴘᴇʀᴀᴏɴ sᴛᴀɴᴅɪɴɢ ɪɴ ғʀᴏɴᴛ ᴏғ ʏᴏᴜ.  】
- Rᴜᴇ Bᴇɴɴᴇᴛ -

"ပြီး​တော့မယ်... ၃၇ ၃၈..."

အသက်ရှူကြပ်လာ​ပေမယ့် အ​မောဆို့ရ​​လောက်သည်အထိ​တော့ မဟုတ်​သေး။

"ဟုတ်ပြီ... ၃၅ ၃၆ ၃၇..."

​​ရှေ့ပြန်​​ရောက်သွားသည့်နံပါတ်များ​ကြောင့် ​နံပါတ်ရေ​နေသည့်ဆရာ့ကို ​အော်ဟစ်ပစ်ချင်​​သော်လည်း စကား​ပြောဖို့​တောင် အနိုင်နိုင်ဆို​တော့ သည်းခံလိုက်ရ၏။

"၄၉... ၄၉... ​ဟေ့ အ​ပေါ်ထိ​ရောက်​​အောင်ထ​လေ"

နား​တွေအူ၊ မျက်လုံး​တွေပါပြာရင်း တကယ်​ ခေါင်းထဲမှာ ဘာမှကိုမစဥ်းစားနိုင်​တော့... ဆိုပြီး ထင်ထားမိ​ပေမယ့် ဘာလို့ သူ့မျက်နှာကို မြင်​ယောင်လာမိတာလဲ။ အရူးတစ်​ယောက်လို ရယ်​မော​နေတာ​​တောင် ဘာလို့ ချစ်​ဖို့​ကောင်းသလိုကြီး မြင်​နေမိတာပါလိမ့်။ သူ့ရယ်သံ​တွေဟာလည်း နားထဲမှာ ကျင့်သားရ​နေသလိုမျိုး ပြန်​ကြား​ယောင်မိ​နေပြန်ပြီ။ သိပ်စိတ်တိုဖို့​ကောင်းတာပဲ။

"၄၉... ၅၀... အို​ခေ! အ​ကြော​လျှော့... အဝတ်လဲပြီး ပြန်ကြ​တော့... ပစ္စည်း​တွေ​မေ့ဦးမယ်​နော်"

​အိပ်ထမတင် အခါ (၅၀) ကို ​ရှေ့ပြန်​ရောက်ပြီး တမင် မှား​ရေ​နေသည့်ဆရာ့​ကြောင့် အကြိမ် (၇၀) ​လောက် လုပ်ပြီးကာမှာတော့ ​ခေါင်း​တောင်မထူလာနိုင်​တော့​ပေ။ မျက်လုံးများမှိတ်ရင်း ပက်လက်လှန်လှဲရင်းသာပဲ အသက်ဝ​အောင်ပြန်ရှူ​နေရ၏။ ဒီလိုအချိန်မျိုး​တွေဆိုရင် ကိုယ့်ခန္ဓါထဲ အသက်ပင်ရှိပါ​သေးရဲ့လား ​အောက်​မေ့ရသည်အထိပင် ​မောပန်းတတ်သည်။

"အမယ်​လေး... ဟူး... အ​မောမခံနိုင်ဘဲနဲ့များ အစ်မယွန်းရယ်... ​ဒီလိုပုံစံနဲ့... ဟူး... ဘယ်လိုများ ခါးပတ်အပြာထိ​ရောက်လာတာပါလိမ့်"

တည့်တည့်မတ်မတ်ထိုင်လိုက်ကာ လွန်ခဲ့သည့်တစ်နာရီအလိုက တင်းတင်းစုစည်းထား​သော်လည်း အခု​တော့ ​​လျော့ရဲ​နေသည့် ဆံပင်များကို အတတ်နိုင်ဆုံး သပ်ရပ်​အောင်လုပ်ပြီး အသံ​ကောင်းဟစ်​နေသည့်​ကောင်မ​လေးကို ကြည့်ကာ...

Enchantingly Knotted by You [ GL ]Donde viven las historias. Descúbrelo ahora