{ UNICODE }
🎶 Song of the Day : အတိတ် by Htet Thiri 🤍
【 ကိုယ့်နှလုံးသားကိုတောင် အစိုးမရ၊
ကိုယ့်စိတ်ကိုတောင် မပိုင်အောင် ပြုစားထားတဲ့မင်းကို
အပြိုင်ကမ္ဘာတစ်ခုမှာတော့ မုန်းရင်မုန်းနိုင်မှာပေါ့
ဒါပေမဲ့လည်း မထင်ပါဘူးလေ... 】ကားတံခါးကိုလာဖွင့်ပေးသည့် သူ့လက်ဖြူဖြူလေးရယ် Elevator ထဲ ဝင်လာသည့် ယောက်ျားတစ်ယောက် ယွန်းအနားမကပ်စေရန်ဆိုပြီး နေရာချင်းချိန်းပေးသည့် သူ့အပြုအမူကလေး။ ထိုအရာသေးသေးလေးတွေကြောင့်နှင့် အမှတ်ကြီးသည့် ယွန်းဟာ အခုတော့ သူ့အိမ်တံခါးဝရှေ့တည့်တည့်မှာ ရပ်နေလေပြီ။
တကယ်ဆို အခုချက်ချင်း လှည့်ပြန်လို့ရနေပါလျက်နှင့် သူ့ဘေးနားမှာ ကပ်တွယ်ပြီး ရှိနေချင်သေးသည့် ယွန်းက ဘာကိုများမျှော်လင့်နေမိသေးတာလဲ။ ပြီးတော့ မောပန်းနွမ်းနယ်နေဟန်ရှိသည့် သူ့မျက်ဝန်းများကြောင့်လည်း ပါမည်။ Password နှိပ်နေလေသည့် မမဆိုသူကို ယွန်း အခွင့်အရေးတစ်ခါလောက်ဖြစ်ဖြစ်ပေးချင်နေမိ၏။ သူနှင့်ဆိုရင် အရာရာကို ခွင့်လွှတ်တတ်ပြီး ဖြေလျော့ပေးတတ်တာ ယွန်းကိုယ်တိုင်ပင် အံဩမိဆဲ။
ဖြိုး : 1727
သူ့မျက်နှာကို ငေးကြည့်နေစဥ် ရုတ်တရက်ပြောလိုက်သည့်စကားကြောင့် လန့်သွားမိ၏။
ဖြိုး : Password က 1727 လို့... ယွန်းမွေးရက်နဲ့ မမရဲ့မွေးရက်လေ
(၆) နှစ်ကြာမှပြန်တွေ့ရသူကို ဘယ်လောက်တောင်ယုံကြည်နေလို့ သူ့အိမ် Password ကို ယွန်းထံ ပြောပြနေရတာလဲ။ ကြောင်ကြည့်နေသောယွန်းကို သူသာ ဦးဆောင်ရင်း အိမ်ထဲသို့ခေါ်လေသည်။
ဖြိုး : ဝင်ခဲ့ ယွန်း... သက်သာသလိုသာနေ...
ကားပါကင်နှင့် မြေညီထပ်က Lobby ကို ကြည့်လိုက်ကတည်းက အဆင့်မြင့်ကွန်ဒိုဖြစ်ကြောင်း သိလိုက်ပေမယ့် အိမ်ထဲရောက်တော့မှ မျက်လုံးအဝိုင်းသားဖြစ်မိတော့သည်။ ကျယ်ဝန်းလှသည့် ဧည့်ခန်း၏ညာဘက်အခြမ်းတွင် မျက်နှာကျက်ကနေ အောက်ထိဖြာကျနေသော လိုက်ကာကြီးကို သူဆွဲလှပ်လိုက်တော့မှ အလင်းရောင်လည်း ကောင်းစွာဝင်လာလေတော့ ယွန်းတစ်ယောက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေမိ၏။ နံရံတွင် တန်ဆာဆင်ထားတာ ဘာဆိုဘာမှမရှိသလို မီးခိုးရင့်ရောင်ဆိုဖာနှင့် မှန်စားပွဲလေးသာဆိုတော့ ရှင်းလင်းလွန်းနေပေမယ့် Minimalism ဘက်ရောက်နေသည်။
KAMU SEDANG MEMBACA
Enchantingly Knotted by You [ GL ]