05 [ မမ ]

636 52 4
                                    

{ UNICODE }

🎶 Song of the Day : Closer To You by Rasmus Hagen, ft. Nora Andersson 🤍

【 ပင်ပန်းတဲ့အချိန်တိုင်း
မင်းမျက်နှာ​လေးကို လှည့်ကြည့်ချင်မိတာ
အ​မော​ဖြေရုံသက်သက်မဟုတ်ရပါဘူးကွယ်
မင်းများ ကိုယ်လို ပင်ပန်း​နေမလားဆိုတဲ့
စိုးရိမ်စိတ်​ကြောင့်နဲ့ပါ... 】

×× Thinking oh-na-na, eh-na-na ××

×× Dammit, I wish I never met you ××

×× Oh-na-na, eh-na-na ××

×× Dammit, I tried, I can't forget you ××

×× Never knew what I was missing ××

×× 'Til I had you, then I didn't ××

×× Oh-na-na, eh-na-na ××

×× Dammit, I wish I never, never met you ××

ပျံ့လွင့်​နေ​သောသီချင်းသံနှင့်အတူ ကခုန်​နေ​​​သောခြေ​ထောက်တစ်စုံမှာ တက်ကြွလိုက်ဖက်​နေလျက်ရှိ၏။ Long Sleeve T-shirt အပွတစ်ထည်ကို Sweatpants ဖြင့် တွဲဖက်ဝတ်ဆင်ထားကာ ​အောက်ဆုံးတွင်​တော့ Ugly Sneakers စီးထား​လေသည်။ စီး​နှောင်ထား​​သောဆံနွယ်များဟာ ကခုန်​နေသည့်အရှိန်​ကြောင့် ​လျော့ရဲ​နေလျက် နာရီနှင့်ချီပြီး ​လေ့ကျင့်​ထားတာ​ကြောင့် ​ချွေးများလည်း စိုလာပြီ။ All Black Style နှင့်ကိုယ့်ပုံကို မှန်ထဲမှာ မြင်​နေရ​ပြီး သီချင်းသံကို ကြား​နေရ​​သည့်တိုင် အ​တွေး​တွေက​တော့ ​လူတစ်​ယောက်ထံမှာပဲ စု​နေ​လေသည်။

Studio တွင် လူမရှိသည့်အချိန်ကို အခွင့်​ကောင်းယူကာ ဖြိုးက​တော့ တစ်ခုခု​​တွေးစရာ​ပေါ်လာတာနှင့် လာ​လေ့ရှိသည်။ အငြိမ်ထိုင်ပြီး​တွေးတတ်သည့်လူမဟုတ်​​တော့ ဖြိုးနှစ်သက်သည့်ကခုန်ခြင်းနှင့်အတူ​ပေါ့။ ကလပ်​​​တွေတက်ပြီး​လျှောက်ကရင်းမှ အကကို စွဲလန်းစပြုလာခြင်းသာ။ အများအားဖြင့်​တော့ Street Dance နှင့် Cover Dance ​လောက်သာ က​သော်ငြား အခု​တ​လော B-boy အကကိုပါ မျက်စိကျလာ၏။

​တွေးစရာဆိုတာက​တော့ ဖြိုးဘဝကိုပထမဆုံးအ​ရောင်ခြယ်​ပေးခဲ့သူတစ်​ယောက်​အ​ကြောင်း။ (၅) နှစ်​ကျော် (၆) နှစ်နီးပါးဆို​သောအချိန်က မနည်းလှ။ ဒါကို ဖြိုးအသိဆုံး။ အဓိပ္ပါယ်မရှိသည့်​နေ့ရက်များကို မြန်မြန်ကုန်ပါ​စေ ဆိုပြီး ဆု​တောင်း​နေခဲ့မိတာ​ကြောင့်​လေ။ ဒါ​ပေမဲ့ သူနှင့်ပြန်​တွေ့​တော့ ထိုအချိန်ကာလကြီးက ဘာမှမဟုတ်​ခဲ့သလိုပင်။

Enchantingly Knotted by You [ GL ]Where stories live. Discover now