03 [ ဖြိုး ]

287 23 4
                                    

{ ZAWGYI }

🎶 Song of the Day : Jet Black Heart by 5SOS 🤍

【 A ɢᴇɴᴛʟᴇ sᴘʀɪɴɢ ʙʀᴇᴇᴢᴇ
ʀᴜsʜɪɴɢ ɪɴᴛᴏ ᴍʏ ʜᴇᴀʀᴛ
ʟɪᴋᴇ ᴀ ʜᴜʀʀɪᴄᴀɴᴇ. 】

ကျောင်းအနောက်ဘက် ခုံအပျက်များထားသောနေရာတွင် ဆေးလိပ်ငွေ့များက တလူလူ…

"မမဖြိုးရယ်... ကျောင်းဝန်းထဲမှာတော့ ဆေးလိပ်မသောက်ပါနဲ့... ဆရာမတွေ Round လှည့်တာနဲ့များ တိုးသွားရင်—"

< ဖြောင်း >

ပါးကိုအရိုက်ခံလိုက်​ရ​သောအား​ကြောင့် ဆံပင်နှစ်ဖက်မြင့်မြင့်ခွဲစည်းထား​သော ​ကောင်မ​လေးမှာ ​ခေါင်းခါရမ်းသွားသည်အထိ။

"ငါ့ကို မမတပ်ပြီးမခေါ်နဲ့လို့ ပြောထားတယ်မလား… တကယ်ပဲ ရွံဖို့ကောင်းအောင်... ပြီးတော့ ငါ့ကိုဆရာလုပ်ရအောင် နင်က ဘာမလို့လဲ?!"

"ဟုတ် တောင်းပန်ပါတယ်... အ… အစ်မဖြိုး"

"လာရင်းကိစ္စက…?"

"အစ်မစုံစမ်းခိုင်းထားတဲ့ ကောင်မလေးအကြောင်းပါ"

စိတ်ကျေနပ်မှုကြောင့် နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားလျက် စိတ်ဝင်တစား နားစွင့်နေမိသည်။

"သူ့နာမည်က ယွန်းနေခြည်ဇော်တဲ့... (၈) တန်း A ခန်းထဲကပါ… ကျောင်းမဖွင့်ခင်လေးတင်ပဲ ရန်ကုန်ကနေပြောင်းလာတာလို့ကြားတယ် အစ်မ... ဒီကျောင်းမှာပဲ တက်နေတဲ့ သူ့ညီမလေးရွှန်းနေခြည်ဇော်က အစ်မတို့အဆောင်ရဲ့အောက်ထပ် (၆) တန်း A ခန်းထဲက… သူတို့အိမ်ကလည်း အစ်မတို့ရပ်ကွက်ထဲကပဲ"

ပါးကွက်ကြားလေးနှင့် အသားညိုညိုကောင်မလေးက ထိုင်ခုံပေါ်တွင် ထိုင်ပြီး လက်ချောင်းဖြူဖြူလေးများကြားထဲတွင် ဆေးလိပ်ကိုညှပ်ကာ သောက်နေသော ကြောက်ရွံ့ဖွယ် မိန်းမချောလေးကို စာရွက်အပိုင်းအစတစ်ခု ကမ်းပေးလိုက်သည်။

"ရပြီ သွားတော့... ဒီမှာ မုန့်ဖိုး"

"ဟု… ဟုတ်ကဲ့ ကျေးဇူးပါ အစ်မဖြိုး"

ကပျာကယာနှင့်ပြေးထွက်သွားသော ကောင်မလေးကို ကြည့်ကာ "လူတွေများ ပိုက်ဆံပေးလိုက်ရင် ဝပ်နေတာ လိပ်တွေလိုပဲ" ဟု တွေးမိသည်။ စာရွက်တွင်ရေးထားသော နာမည်လေးတစ်ခုနှင့် အိမ်လိပ်စာကိုကြည့်ပြီး မဲ့ပြုံးပြုံးနေသည်မှာ အသက် (၁၅) နှစ်အရွယ်မိန်းကလေးတစ်ယောက်မဟုတ်သည့်အတိုင်း။

Enchantingly Knotted by You [ GL ]Where stories live. Discover now