{ UNICODE }
🎶 Song of the Day : Don't Wanna Fall In Love Again by Yayyoung 🤍
【 Iᴛ ɪs ʏᴏᴜʀ ғᴀᴄᴇ I ʙᴇᴀʀ ᴛʜʀᴏᴜɢʜ ᴛʜᴇ ɴɪɢʜᴛ.
Iᴛ ɪs ᴛᴏ ʏᴏᴜ I ᴅᴇᴠᴏᴛᴇ ᴀ ᴅʀᴇᴀᴍɪɴɢ sᴘᴀᴄᴇ. 】
– Aʙɪɢᴀɪʟ ғʀᴏᴍ "Tʜᴇ Wᴏʀʟᴅ ᴛᴏ Cᴏᴍᴇ" –ကိုယ့်ကိုယ်ကို ဒရာမာတွေထဲက ဇာတ်ဆောင်မင်းသမီးလိုမျိုး သီချင်းလေးတငြီးငြီးနှင့် အခန်းသန့်ရှင်းရေးလုပ်နေမိသည်။ စာအုပ်စင်ပေါ် ဖုန်သန့်ရှင်းရေးလုပ်ပြီးတာနှင့် စာအုပ်များကို နေရာတကျ ပြန်ထည့်လိုက်၏။ ဖတ်ပြီးသားစာအုပ်လေးတွေကို အောက်ကအတန်းတွင် ထားလိုက်ပြီး ဖတ်လက်စ စာအုပ်များကို လက်လှမ်းမီနိုင်သည့် အမြင့်တွင် နေရာချလိုက်သည်။
ပြီးတာနှင့် စာကြည့်စားပွဲဆီ ခြေဦးတည့်လိုက်၏။ နောက်ဆုံး အချောသတ်အနေနှင့် အခန်းတွင်း တံမြက်စည်းလှည်းလိုက် ဝရန်တာတွင် လှည်းလိုက်ဖြင့် ယွန်းတစ်ယောက်တော့ မအားမလပ်နိုင်ပင်။
×× neowa na ibeul matchweo I feel good ××
×× neoege nareul matgyeo I feel good ××
×× igeon jom wiheomhae wiheomhae wiheomhae na ××
×× seoneul neomeul geoman gata ××
×× neowa na gachi geurin I fe— ××
အိပ်နေသည့်အချိန်ဆိုရင်တောင် တစ်ယောက်ယောက်က ကိုယ့်ကို စိုက်ကြည့်နေရင် အလိုလိုခံစားမိသည်တဲ့။ အခုလည်း စိုက်ကြည့်ခံနေရသလိုမျိုး ခံစားမိလိုက်ပေမယ့် ထိုမျက်ဝန်းများ၏ပိုင်ရှင်က ယွန်းအနောက်မှာ တစ်ပေတောင် မခွာဘဲ ကပ်ရပ်နေသည်ဟုတော့ မတွေးမိလိုက်။ လန့်ဖျတ်သွားချက်က ပါးစပ်ကနေပင် အော်ဆဲမိတော့မလို ဖြစ်သွားရ၏။
ယွန်း : လန့်လိုက်တာ! ဘာလဲ??
စတော်ဘယ်ရီသီးများ ရိုက်နှိပ်ထားသော ပန်းရောင် Pajama set လေးနှင့် ရွှန်းတစ်ယောက်က ယွန်းကို ခြေအစခေါင်းအဆုံး ကြည့်နေလေသည်။ မျက်ခုံးနှစ်ဖက်ကို လှုပ်ကာ လှုပ်ကာဖြင့် လူကို စပ်ဖြီးဖြီးကြီး ကြည့်နေခြင်းပင်။
YOU ARE READING
Enchantingly Knotted by You [ GL ]