02 [ ကနဦး ]

813 52 8
                                    

{ UNICODE }

🎶 Song of the Day : Colour by MNEK, ft. Hailee Steinfeld 🤍

ᴍᴇᴇᴛɪɴɢ ʏᴏᴜ ɪs ʏ ᴅᴇsɪɴʏ,
ʜɴ ɪ ᴘᴜᴛ ʟʟ ʜ ʙʟᴀᴍᴇ ɴ ᴏᴜʀ ғᴀᴛᴇ.

ဇွန်လ () ရက်၊ ၂၀၁၃ ခုနှစ် (လွန်ခဲ့သော နှစ်ကျော်)

ရန်ကုန်တွင်မွေး၊ ရန်ကုန်တွင်ကြီးပြင်းခဲ့ရသော ယွန်းဟာ ဖခင်ဖြစ်သူ၏အလုပ်ကြောင့် မိသားစုလိုက် မော်လမြိုင်သို့ ပြောင်းရွှေ့လာခဲ့ရသည်။

(၈) တန်းသို့ ရောက်လာပြီဖြစ်သော ယွန်းမှာ ရန်ကုန်မှ သူငယ်ချင်းများနှင့်ခွဲ၍ တစ်နယ်တစ်ကျေးပြောင်းလာရသည်ကို ဝမ်းနည်းမိသော်လည်း ဖေဖေ၏ "သမီး (၁၀) တန်းရောက်ရင်တော့ ရန်ကုန်ကို ပြန်ပြောင်းမှာပါ" ဟူသော စကားကြောင့်သာ ယွန်း ရွှင်လန်းနေနိုင်သေးသည်။

သံလွင်တံတားကို အချိန်အတန်ကြာ ဖြတ်၍ "မော်လမြိုင်မြို့မှ ကြိုဆိုပါ၏" ဟူသော ဆိုင်းဘုတ်ကို မြင်ချိန်တွင် သိချင်စိတ်များသူပီပီ ယွန်းဟာ Express ကားပြတင်းပေါက်မှ ဝေ့ဝိုက်ကြည့်မိသည်။

ရန်ကုန်မှာကဲ့သို့ ကားများဟာ တတီတီဖြင့်ဆူညံမနေဘဲ ဆိုင်ကယ်လေးများဖြင့်သာ သွားလာနေကြသော မြို့သူမြို့သားများကို လှမ်းမြင်ရသည်မှာ သိပ်စိတ်အေးချမ်းစရာပင်။ တိုက်ခန်းများနည်း၍ ကိုယ်ပိုင်လုံးချင်းအိမ်လေးများဖြင့် ငြိမ်းချမ်းလှသော မော်လမြိုင်မြို့ကလေးကို မြင်မြင်ချင်းပင် သဘောကျသွားရ၏။ မြို့ထဲဝင်ပြီး သိပ်မကြာမီပင် ကားကွင်းထဲ ရောက်နေလေပြီ။

ကျောပိုးအိတ်တစ်လုံးကိုသာ လွယ်၍ ယွန်းမေမေ၊ ညီမလေးနှင့်အတူ ကားပေါ်မှဆင်းချိန် လက်ဝှေ့ယမ်းကာ ဆီးကြိုနေသော ဖေဖေ့ကို လှမ်းမြင်ရ၏။ ဖေဖေက လွန်ခဲ့သည့်တစ်ပတ်လောက်ကတည်းက ကြိုရောက်နှင့်ပြီးဖြစ်ကာ ပရိဘောဂများလည်း ထို့အတူပင်။ ဘာလို့မှန်းမသိ ရင်​​တွေလည်း တလှပ်လှပ်နှင့်။

ဒီ​ကျောချမ်းသလိုခံစားချက်ကြီးက ဘာပါလိမ့်.. 💭

အဝတ်အစားအများစုကိုလည်း ပရိဘောဂများနှင့်အတူ ထည့်ပေးလိုက်ပြီးသားဆိုတော့ ယွန်းတို့မှာ ကိုယ်တစ်နိုင်တစ်ပိုင် အိတ်လေးများနှင့်သာ။ ယွန်းညီမလေး ရွှန်းကတော့ ကလေးပီပီ ခရီးပန်းနေလေရဲ့။ ယွန်းကတော့ ခရီးမပန်းနိုင်သေးဘဲ အိမ်အသစ်ကို မြင်လိုတာနှင့် စိတ်လှုပ်ရှားနေမိတာကြောင့်ပေပဲလား... တစ်ထောင့်တစ်နေရာမှ ကျွတ်ထွက်မတတ် စူးစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကို သတိပင်မထားမိလိုက်။

Enchantingly Knotted by You [ GL ]Tahanan ng mga kuwento. Tumuklas ngayon