12.5 [ ကန့်လန့်ကာနောက်ကွယ်... ]

319 37 0
                                    

{UNICODE}

🎶 Song of the Day : Fine on the Outside by Priscilla Ahn 🤍

【 ဒီမျက်ရည်​တွေကြားထဲက​နေ
အရူးတစ်​ယောက်လို ပြုံးပြ​နေတာ
မင်း​ဆိုတဲ့​ကောင်မ​လေး ​
အပြုံးပန်း​ဝေနိုင်ဖို့အတွက်​​ပေါ့... 】

ဖြိုး : ဒီတော့ ယွန်းက--

ရွှန်း : ဟာ မဟုတ်သေးဘူးလေ... ဒီလောက် အကြာကြီးနေမှပြန်တွေ့တာကို ရွှန်းကိုကျော်ပြီး မမယွန်းကို မေးတယ်တဲ့လား

သေသပ်လှသည့်နှုတ်ခမ်းလေးကို အားရပါးရကွေးညွှတ်ရင်း ဖြိုးတစ်ယောက်ဟာ အပြုံးမျက်နှာလေးနှင့် မျက်စိရှေ့မှကလေးမလေးကို ကြည့်လိုက်သည်။

ဖြိုး : ကဲ ဒါဆို ပြောပါဦး... ဒီအချိန်ထိ ပါးစပ်နဲ့အစားမပျက်ရသေးတဲ့အကြောင်းကို...

ကလေးမလေး ပီဇာချပ်ကြီးကို ဓါးနှင့် အားပါးတရ လှီးနေသည်မှာ စိတ္တဇလူသတ်သမားကြီးအတိုင်းပင်ဆိုတော့ မေးလည်းမေးချင်စရာ။ မျက်တောင်ရှည်ရှည်ကြီးတွေအောက်ကနေ ဖြိုးကို မျက်စောင်းထိုးလေ၏။ တကယ့်ကို သူ့အစ်မနှင့် တစ်ပုံစံတည်း။

ရွှန်း : ဘယ်အချိန်မဆို အားရပါးရ စားနိုင်တာက အရည်အချင်းတစ်မျိုးပါနော်... ဘယ်လောက်စားစား ဝမလာတာကတော့ ပါရမီပေါ့

သူ့အပြောနှင့်သူသဘောကျကာ ရယ်နေလေသည့် ရွှန်းအတိုင်း ဖြိုးပါ လိုက်ရယ်ရင်း ဒီညီမနှစ်ယောက်ကြောင့် အချိန်အကြာကြီးနေမှ ရယ်မောနိုင်တာကြောင့် စိတ်ထဲကနေ ကျိတ်ကျေးဇူးတင်မိသည်။

မီးရောင်ဝါဝါများ ဖြာကျနေသည့် မကြီးဖြိုး၏မျက်နှာကို ကြည့်ရင်း ရွှန်း ရုတ်တရက် ငိုင်ကျသွားသည်။ အရင်တုန်းကအတိုင်း ငယ်ရုပ်လေးမပျောက်သေးပေမယ့် ဒီအချိန်တွေအတွင်းမှာ သိပ်ကို လှပလို့လာသည်။ အချိန်အကြာကြီး မျက်လုံးချင်းတောင် မဆိုင်ရဲလောက်သည်အထိကို လှလွန်းတာပါ။ စူးရှသည့်မျက်ဝန်းတစ်စုံနှင့် သွယ်တန်းနေသော နှာတံကလေးမှာ ပန်းချီဆွဲထားသည့်အတိုင်း သေသပ်လှ၏။ ဒီတိုင်းဆို မသိသာပေမယ့် ပြုံးရယ်လိုက်ရင် သွားများပေါ်အောင်အထိ အားရပါးရ ရယ်တတ်ပုံမှာ ပွင့်ပွင့်လင်းလင်း နေတတ်၊ ပြောဆိုတတ်ကြောင်း ဖော်ပြနေသလိုပင်။

Enchantingly Knotted by You [ GL ]Where stories live. Discover now