{ UNICODE }
🎶 Song of the Day : Dear by Dreamcatcher 🤍
【 ᴄᴀʟʟ ᴍᴇ ʙʏ ʏᴏᴜʀ ɴᴀᴍᴇ, ʏᴏᴜ sᴀɪᴅ
ᴡɪᴛʜᴏᴜᴛ ᴋɴᴏᴡɪɴɢ ɪᴛ, ʏᴏᴜ ʜʏᴘᴇᴅ ᴍᴇ ᴜᴘ
sʟᴏᴡʟʏ ʙᴜᴛ ᴡɪʟᴅʟʏ, ᴏᴜʀ ᴇʏᴇs ᴍᴇᴛ
sᴏ ᴛᴇʟʟ ᴍᴇ, ɪs ᴛʜɪs ʟᴏᴠᴇ? 】လိုက်ကာအရှည်ကြီးများ ဖြာကျနေသည်ကို သေသေသပ်သပ် စည်းလိုက်ကာ မှန်ပြတင်းကြီးကို လက်ဖြင့် အသာကိုင်ကြည့်လိုက်သည်။ လက်ကိုင်မှ တွန်းဖွင့်လိုက်ရာ လေတဖြူးဖြူးနှင့် ဝင်လာတော့သည်။ မဝံ့မရဲဖြင့် ခြေလှမ်းလိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်ချိန် ကြောက်ရွံ့မှုကြောင့် မျက်လုံးကို စုံမှိတ်ချလိုက်ရ၏။
ဖြိုးလေးကို ဒီလိုနေရာကြီးမှာ တစ်ယောက်တည်း လွှတ်ထားရတာ စိတ်မချလို့ လိုက်လာခါမှ မိုးထိအောင် မြင့်နေသည့်အထပ်မျိုးတွင် နေနေတာကို သိရတော့ ပိုတောင်စိတ်ပူလာရပြီ။ သက်ပြင်းသာချလျက် အတွင်းထဲ ပြန်ဝင်လိုက်ကာ မီးဖိုထဲ သွားလိုက်သည်။ ဟင်းချက်စရာမှာလည်း ဘာမှထွေထွေထူးထူးမရှိ။ ဒါပေမဲ့လည်း တစ်အိမ်လုံးမှာ ဒီနေရာကပဲ ကိုယ်နှင့်ရင်းနှီးနေသလို ခံစားမိလေရာ ရှိတာလေးနှင့် ချက်လိုက်မည်ဟုသာ တွေးလိုက်သည်။
နေ့ခင်းကတည်းက ရှားလဲ့ဆိုသော ကလေးမလေး ဖြိုးအိမ်ကို လာပို့ပေးခဲ့သော်လည်း ဖြိုးကို မတွေ့ရ။ သိပ်မကြာခင် ပြန်လာတော့မည်ဆိုပြီး ဖြိုးသူငယ်ချင်းလေး ပြောသွားခဲ့ပေမယ့် အခုထိကို ပေါ်မလာသေးပေ။
ဖြိုး : ဒေါ်မြ... ဘာလုပ်နေတာလဲ?
ဒေါ်မြ : အမယ်လေး မြတ်စွာဘုရား
အသက်ကြီးလာတာနှင့် ချို့တဲ့လာသည့် အကြားအာရုံကနေ နှလုံးရောဂါပါ အဆစ်ရတော့မည့်အလားပင်။
ဒေါ်မြ : သမီးရယ် လန့်လိုက်တာ... အသံလေးဘာလေး ကြိုပေးဦးမှပေါ့
ကုပ်ပိုးကို ပွတ်သပ်ကာ သွားလေးဖြီးပြီး ပြန်ကြည့်လာသော ကလေးမလေးမျက်နှာတွင် ချွေးများလည်း စိုနေပြန်သည်။ ဒီကလေး ဘယ်ကပြန်လာပါလိမ့်။ အရင်တစ်ခါလိုများ သူ့အဖေကို လိုက်ရှာနေလေသလား။
ဒေါ်မြ : ဗိုက်ဆာနေပြီမလား... ဒေါ်မြ ပြီးတော့မယ်... ခဏနားပြီး ရေချိုးနှင့်လိုက်လေ
ESTÁS LEYENDO
Enchantingly Knotted by You [ GL ]