13 [ Déjà vu ]

335 33 5
                                    

{UNICODE}

🎶 Song of the Day : Bullet by Ann Marr 🤍

Aʟʟ ʀʟᴀᴛɪɴsʜɪᴘs ʀ ᴛᴏᴜɢʜ.
Js ʟɪᴋᴇ ɪʜ ᴍᴜ,
sᴏᴍᴇᴛɪᴍᴇs ʏᴏᴜ ʜᴀᴠᴇ ʜʀᴍᴏɴʏ
ɴ ᴏᴛʜʀ ɪᴍᴇs ʏᴏᴜ ʜᴀᴠᴇ ᴄᴀᴄᴏᴘʜɴʏ.
- Iғ I Sᴛᴀʏ, Gʏʟ Fʀᴍᴀɴ -

"အခုကစပြီး သမီးဘဝကို သမီးကိုယ်တိုင်ပဲ ပဲ့ကိုင်ရတော့မှာ... ဘယ်သူမှလာပြီး ထိန်းချုပ်တာမခံရစေနဲ့"

မှောင်မည်းနေသည့်မြင်ကွင်းမှာ ဦးနှောက်ထဲ ကျင့်သားရနေသလိုမျိုး မျက်လုံးကိုတောင် ဖွင့်ချင်စိတ်မရှိ။ အချိန်အတန်ကြာယူပြီးမှ လေးပင်စွာ မျက်ခွံများကို ဖွင့်လိုက်ရင်း မှန်ထဲမှကိုယ့်ပုံရိပ်ကို တွေဝေစွာ ကြည့်နေမိသည်။

ဘယ်အချိန်ထိလဲ...?
ဒါတွေကို ဘယ်အချိန်ထိ ဆက်လုပ်နေရဦးမှာလဲ...? 💭

ခပ်လှမ်းလှမ်းကနေ ကြားလိုက်ရသော ဖုန်းသံကြောင့် ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။ ရင်းနှီးနေသည့်နာမည်က ထင်ထားသည့်အတိုင်း Phone Screen ပေါ်တွင် နေရာယူထားလေ၏။

ဖြိုး : ဟယ်လို... အင်း... နောက်တစ်နာရီလောက်နေရင် ထွက်လာတော့မှာ... ညနေစောင်းလောက် ရောက်မှာပေါ့... အိုခေ

ထပ်ပြီး အချိန်မဆိုင်းချင်တော့တာနှင့် ခပ်သွက်သွက်ပင် အဝတ်လဲလိုက်သည်။ ရှပ်အင်္ကျီအပွကြီးကို Baggy Jeans နှင့် ရိုးရှင်းစွာပင် တွဲဖက်ဝတ်ဆက်လိုက်ပြီးနောက် စာကြည့်စားပွဲပေါ်ရောက်နေသည့် လက်ပတ်နာရီထံ လက်လှမ်းလိုက်ရာ ပြန့်ကျဲနေသော စာရွက်များ၊ ရှုပ်ပွနေသော...

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

ထပ်ပြီး အချိန်မဆိုင်းချင်တော့တာနှင့် ခပ်သွက်သွက်ပင် အဝတ်လဲလိုက်သည်။ ရှပ်အင်္ကျီအပွကြီးကို Baggy Jeans နှင့် ရိုးရှင်းစွာပင် တွဲဖက်ဝတ်ဆက်လိုက်ပြီးနောက် စာကြည့်စားပွဲပေါ်ရောက်နေသည့် လက်ပတ်နာရီထံ လက်လှမ်းလိုက်ရာ ပြန့်ကျဲနေသော စာရွက်များ၊ ရှုပ်ပွနေသော စာအုပ်ပုံတွေက ဆီးလို့ကြိုနေသည်။ မျက်လုံးထဲ ထင်ထင်ရှားရှား ဝင်လာသည့် မှောက်ထားသော စာအုပ်ကို ဆွဲယူပြီး လှန်လိုက်ချိန် ကြုတ်နေသောမျက်မှောင်ကလေးမှာ အလိုလိုပြေလျော့သွားတော့သည်။

Enchantingly Knotted by You [ GL ]Donde viven las historias. Descúbrelo ahora