19 [ ဧည့်သည် ]

284 29 4
                                    

{ UNICODE }

🎶 Song of the Day : Falling In Love by Cigarettes After Sex 🤍

【 I ʟᴏᴠᴇ ʏᴏᴜ
ɪɴ ᴍʏ ᴏᴡɴ ɪᴍᴘᴇʀғᴇᴄᴛ, sᴇʟғɪsʜ ᴡᴀʏ.
I ᴛʜɪɴᴋ ʏᴏᴜ ʟᴏᴠᴇ ᴍᴇ
ɪɴ ʏᴏᴜʀ ᴏᴡɴ ғᴜssʏ, ᴘᴇsᴛᴇʀɪɴɢ ᴡᴀʏ.
I ᴛʜɪɴᴋ ᴡᴇ ᴊᴜsᴛ ʟᴏᴠᴇ ᴇᴀᴄʜ ᴏᴛʜᴇʀ
ɪɴ ᴀɴ ᴇᴀʀᴛʜʟʏ ᴀɴᴅ ɪᴍᴘᴇʀғᴇᴄᴛ ᴡᴀʏ. 】
- Qᴜᴏᴛᴀᴛɪᴏɴ ғʀᴏᴍ ᴛʜᴇ ᴍᴏᴠɪᴇ "Lɪᴠ & Iɴɢᴍᴀʀ" -

ခြောက်လှန့်ဆဲ အိမ်မက်ဆိုးတွေကို အပြီးတိုင် နှုတ်ဆက်လိုက်ချင်ပြီ။ မှောင်မည်းနေသည့် ဥမင်ကြီးထဲကနေ အထီးကျန်စွာ ရုန်းမထွက်နိုင်သည့် ခံစားချက်တွေကိုလည်း သူစိမ်းတစ်ယောက်လို ကျောခိုင်းပစ်လိုက်ချင်ရဲ့။

အတိတ်ကဖြစ်ရပ်ကြောင့် Trauma ရသွားသူတွေဟာ နည်းနည်းနောနောမဟုတ်သလို ကိုယ်ရွေးချယ်လို့ ဖြစ်လာသည့်အရာတွေလည်း မဟုတ်တာကြောင့် သိမ်ငယ်စရာလို့လည်း မဆိုနိုင်။ ဒါတွေကို ရုန်းထွက်နိုင်ဖို့က နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး။ စိတ်ရောဂါကုဆရာဝန်ဆီ သွားပြီး ထိရောက်သည့်ကုသမှု ခံယူဖို့အထိတော့ ဖြိုး မရွေးချင်သေး။

ဒီရင်ထဲက အပူတွေကို ငြိမ်းနိုင်ဖို့ တစ်နည်းသာရှိသည်။ မြတ်သူစိုး...။ ဒီလူကြီး သေမှကိုဖြစ်မည်။ ဖျက်ဆီးခြင်းဆိုသည့်အရာတွေကို ဖြိုးလက်နှင့်ကိုယ်တိုင် ထိုလူကြီးအနား ပို့ပေးဖို့က ဖြိုးရည်မှန်းချက်...။ သူ ပျက်စီးခြင်းတရားနှင့် လောင်မြိုက်နေတာကို ကိုယ့်မျက်စိနှင့်ကိုယ် အရသာခံပြီး ကြည့်နိုင်ဖို့အတွက်ဆို ဖြိုး ဘာမဆို လုပ်နိုင်သည်။ တကယ့်ကို ဘာမဆိုပေါ့။

"မမ..."

တိုးဖျော့စွာ နားထဲဝင်လာသံကြောင့် ကိုယ်မှာ တုန်တက်သွားရင်း ဘေးသို့ လှည့်ကြည့်လိုက်၏။

ယွန်း : ခေါ်နေတာတောင် မကြားဘူး... နေကောင်းပါတယ်နော်?

နားသယ်စပ်တွင် စို့လာသည့် ချွေးများကို ဘာတစ်ရှူးမှမခံဘဲ လက်ဗလာနှင့်ပင် သုတ်ပေးနေသူလေးကို တစ်ချက်သာ ကြည့်ရင်း ပြုံးပြလိုက်ပြီး လမ်းပေါ် ပြန်အာရုံစိုက်လိုက်သည်။

ဖြိုး : ကောင်းပါတယ် ယွန်းရယ်... တွေးစရာလေး ပေါ်လာလို့ပါ

Enchantingly Knotted by You [ GL ]Where stories live. Discover now