09 [ 24/365 ]

530 53 0
                                    

{ UNICODE }

🎶 Song of the Day : Precious Love by TWICE 🤍

【 မင်းမရှိတဲ့​ဆောင်းက ပို​အေးသလို
မင်းမပါဘဲ​ရောက်လာတဲ့​ နွေကလည်း
ပူ​လောင်လွန်းတယ်ကွယ်... 】

"အခုထိ နိုင်ငံခြားမှာပဲရှိ​သေးပုံပဲ... ပြန်ဝင်မလာ​သေး​တာ​တော့ ​သေချာတယ်"

"​နောက်ဆုံး ဘယ်မှာတွေ့လိုက်တာလဲ?"

"ဒူဘိုင်းမှာ... အခု​တော့ ဘယ်​ရောက်​နေမှန်း--"

"အစကတည်းက မျက်​ခြေမပြတ်​စေနဲ့​လို့ ​ပြောထားတယ်မလား... ​လော​လောဆယ် သူ့ Credit card ကိုပဲ ​ခြေရာခံ​နေလိုက်... နာမည်တစ်ခုတည်းနဲ့​မဟုတ်​တော့ ရှာရခက်နိုင်​ပေမယ့် တစ်ခုခုဆိုတာနဲ့ ချက်ချင်းလှမ်း​​ပြော​နော်... ​နောက်တစ်ခါ ထပ်ပြီးမျက်​ခြေပြတ်သွားတာမျိုး မလိုချင်ဘူး... သူ့လှုပ်ရှားမှု​တွေအကုန်လုံးကိုလည်း အချိန်နဲ့တစ်​ပြေးညီ သိချင်တယ်"

ချက်ချင်းဆိုသလို ကိုယ့်ဘက်ကပြောပြီးတာနှင့် အရင်ဖုန်းချလိုက်ကာ ဝရန်တာလက်ရန်းကို အားဖြင့် ဆုပ်ကိုင်မိ​တော့သည်။ မျက်စိ​အောက်မှာ မြင်​နေရသည့် မီး​ရောင်စုံများဖြင့် ညရှုခင်းမှာ ဖြိုးအတွက်​တော့ ရှုစား​နေဖို့​​တောင် အာရုံမရ​​​ပေ။ ​မျက်​မှောင်ကို အတင်းကြုတ်ထားရင်း မျက်လုံးများကို စုံမှိတ်ချထားကာ စိတ်ကို ​ဖြေ​လျော့ရန်ကြိုးစား​နေမိသည်။ ထိုအခါမှ ​အ​ဖြေ​ကောင်း​ကောင်း ထွက်လာမည်​လေ။

ဝရန်တာလက်ရန်း​ပေါ် လက်​ထောက်ပြီး ကိုယ်ကို ကိုင်းချကာ ထို​နေရာမှာပင် မိနစ်​ပိုင်း​လောက်ရပ်​နေမိ၏။ ပြီးတာနှင့် ကိုယ်ကို တည့်မတ်လျက် ပွ​ယောင်း​​ယောင်း Fur Hoodie အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ကာ Martin Garrix ၏ Animals သီချင်းသံဖြင့် ဆူညံ​နေ​သော မှောင်မည်း​မည်းအခန်းကြီးထဲ ပြန်ဝင်လာလိုက်​တော့သည်။

ဝရန်တာလက်ရန်း​ပေါ် လက်​ထောက်ပြီး ကိုယ်ကို ကိုင်းချကာ ထို​နေရာမှာပင် မိနစ်​ပိုင်း​လောက်ရပ်​နေမိ၏။ ပြီးတာနှင့် ကိုယ်ကို တည့်မတ်လျက် ပွ​ယောင်း​​ယောင်း Fur Hoodie အိတ်ကပ်ထဲ လက်တစ်ဖက်ထည့်ကာ Martin Garrix ၏ Animals သီချင်းသံဖြင့် ဆူညံ​နေ​သော မှောင်မည်း​...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Enchantingly Knotted by You [ GL ]Where stories live. Discover now