04 [ နွံ ]

602 44 7
                                    

{ UNICODE }

🎶 Song of the Day : Best Part by Daniel Caesar & H.E.R 🤍

Eᴠᴇɴ ᴛʜᴏᴜɢʜ ʜ ᴍᴇᴍᴏʀɪs ᴡᴇ ʜᴀᴅ
ʀ ᴛᴇᴀʀɪɴɢ s ʀ,
I' sɪʟʟ ɢɴɴ ғɪɴ ʏᴏᴜ.
Aɢɪɴ.

တိတ်ဆိတ်နေသည့်စာသင်ခန်းတွင်းသို့ ပြတင်းပေါက်မှ တိုးဝင်လာသည့် လေရူးလေးများနှင့် White Board ပေါ်မှ စာများကို အသည်းအသန်ကူးနေကြသော သူငယ်ချင်းတစ်သိုက်။ ကြိုတင်ဇာတ်တိုက်ထားသလို အရာအားလုံးက သူ့နေရာနှင့်သူ အံဝင်ခွင်ကျ၊ ခဲမှန်ခံလိုက်ရသော ခွေးလေးတစ်ကောင်ပမာ စိတ်ထဲမှာ ယောက်ယက်ခတ်နေတာကတော့ ယွန်းတစ်ယောက်တည်းသာ။

"ဒီတစ်ပတ် ဗုဒ္ဓဟူး​နေ့ ၁၀ နာရီမှာ Japan Association တစ်ခုကနေ ဟောပြောပွဲလာလုပ်ဖို့ရှိတယ်... ဘယ်သူတွေတက်ချင်ကြလဲ? ၁၅ ယောက်ပဲ သွားရမှာ​နော်"

သေချာပေါက် ဘယ်သူမှ မတက်ချင်ဘူးဆိုတော့ တစ်ယောက်မှလည်း လက်မမြှောက်။

“အဲဒါဆို စိတ်ထဲပေါ်လာတဲ့နံပါတ်တွေကို Roll number အတိုင်း ခေါ်မယ်နော်... အခေါ်ခံလိုက်ရတဲ့သူက လက်မြှောက်ပြီး နာမည်ပြော... ဟုတ်ပြီလား?”

တစ်ခန်းလုံးကတော့ ကိုယ့်နံပါတ်မပါရေး ဆုတောင်းနေကြမှာပင်။

"၄၇"

"ကျော်မင်းခန့်ပါ Sensei"

"၃၂"

ကံကောင်းတာပေပဲလား ယွန်းတို့အုပ်စုထဲက တစ်ယောက်မှကို အခေါ်မခံရသေးပေ။

"၁၅ ယောက်ဆိုတော့ နောက်ဆုံးတစ်ယောက်အနေနဲ့ ၁၅ ကို ခေါ်လိုက်မယ်... ၁၅ ဘယ်သူလဲ"

ကံဆိုးသူအနေနှင့် တစ်ယောက်တည်း ကွက်ပြီးပါသွားတာကတော့ တကယ့်ကို မမျှတခြင်းပင်။ အုပ်စုလိုက် ပါသွားရင်တော့ ထခုန်မိမှာ အမှန်ပေမယ့် အဖော်လေးတစ်ယောက်တောင် မပါဘဲ ယွန်းတစ်ယောက်တည်း ဟောပြောပွဲတက်ရမယ်ဆိုတာကြီးက စဉ်းစားလိုက်တာနှင့်တင် သိပ်ပျင်းဖို့ကောင်းနေပြီမလား။

Enchantingly Knotted by You [ GL ]Where stories live. Discover now