14 [ ကံကြမ္မာကြိုးနီ​လေး ]

429 44 4
                                    

{ UNICODE }

🎶 Song of the Day : ISLAND by YOUHA 🤍

လူတိုင်းရဲ့နှလုံးသားထဲမှာ ပန်းလေးတစ်ပွင့်ကိုယ်စီနဲ့
ကိုယ့်ရင်ထဲမှာလည်း "မင်း" ဆိုတဲ့ပန်းလေးတစ်ပွင့်ရှိတယ်
တစ်နေ့ ယျာဉ်မှူးကြီး ကိုယ့်ကို သူလာတိုင်တယ်
မိုးတွေအရမ်းသည်းတာပဲတဲ့

အခု ဘယ်အချိန်ရှိနေပြီမှန်းတောင် မသိတော့ပါဘူး။ ဗိုက်ထဲက တဂွီဂွီအသံကို အခြားသူတွေမကြားနိုင်ပေမယ့် ကာယကံရှင်ကိုယ်တိုင်မှာတော့ ဗိုက်ဆာခြင်းဒဏ်ကို အလူးအလဲပင် ခံနေရပြီ။ နေ့လည်မွန်းတည့်ချိန်တုန်းက အချိန်ရခိုက် အိတ်ထဲမှ မုန့်ထုပ်လေးကို ထုတ်ပြီး စားလိုက်ရမှာဆိုသောအတွေးဖြင့်လည်း နောင်တရလို့မဆုံး။

"ညီမ... ဒီကို တစ်ချက်လောက် ကူညီပေးပါဦး"

ခပ်လှမ်းလှမ်းမှခေါ်သံကြောင့် ခေါင်းလှည့်ကြည့်လိုက်ရာ အနည်းငယ် ပျာယာခတ်သွားသော်ငြား ချက်ချင်းပင် ခေါင်းညိမ့်လျက် ကောင်တာအနီးသို့ သွားလိုက်၏။

ဒီရေမွေးနံ့... 💭

အပြုံးတစ်ခုနှင့်ဆီးကြိုနေသည့် မိန်းကလေးရှေ့တွင် မျက်နှာချင်းဆိုင်ရပ်ပြီး သွားများပေါ်အောင်အထိ ပြုံးရယ်ကာ နှုတ်ဆက်လိုက်သည်။

စိမ့်စိမ့် : ဆောရီးနော် အစ်မ... ဘာမှာနေတာလဲမသိဘူး?

စိမ့်စိမ့်တို့နှစ်ယောက်ကြားမှ ကောင်တာစားပွဲပေါ်သို့ လက်တင်လျက် ကိုယ်ကိုကိုင်းကာ Screen ပေါ်ရှိ Menu အား စိုက်ကြည့်နေသူကို ကြည့်တယ်ဆိုရုံလေးသာ ကြည့်လိုက်၏။ တစ်ဖက်လူက Customer ဖြစ်နေလေတော့ အကြာကြီး စိုက်ကြည့်နေရင် သူ နေရခက်သွားနိုင်သည်မဟုတ်လား။

စိတ်လှုပ်ရှားမှုများလျော့ကျစေရန် နှုတ်ခမ်းဝမှ လေပူများကို အသာမှုတ်ထုတ်လိုက်သည်။ ဒီကိုရောက်သည့်အချိန်ကစပြီး တစ်ပတ်နီးပါး ပန်းကန်ခွက်ယောက်များသာ ဆေးနေရသည်မှာ တစ်ခါမှပင် Customer နှင့် စကားမပြောဖူးသေး။ အခုတော့ Cashier အစ်မကြီးက အနောက်ခန်းသို့ ဝင်သွားလေရာ စိမ့်စိမ့်တစ်ယောက် ရုတ်တရက်ကြီး Order ပင် လက်ခံနေရ၍ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလား။

Enchantingly Knotted by You [ GL ]Where stories live. Discover now